ဇာတ်သိမ်းပိုင်း ( uni & zg )

Start from the beginning
                                    

ကျော်ဇောလဲ သူ့ရှေ့က သဲသဲကဲကဲ နှစ်ကောင်ကို အမြင်ကပ်လာသဖြင့် ထိုက်အား အပြင်သို့ဆွဲခေါ်သွားတော့သည်။

ဒီလိုနဲ့ သူတို့အဖွဲ့လိုက်ညလေးက လူစုံနေလေပြီ
ခန့်မှူး၊အောင်သန့် နှင့် ကျော်ဇော် တို့က vodka နှင့် အသီး၊ဖျော်ရည်တို့ကိုရောစပ်နေကြသည်။ ထိုက်နှင့်မိုးထက်ကတော့ ထင်းခြောက်တွေထည့်ဖြည့်ကာ မီးပွါးအောင်ကြိုးစားနေလေသည်။
စိုင်းခက်နှင့် လေပြေသွေးတို့ ၃ယောက်ကတော့ အကင်ဖိုနားတွင် အကင် ကင်ရင်း ရောက်တတ် ရာရာစကားတွေပြောနေကြသည်။

(စိုင်းခက်) " မင်းတို့နှစ်ယောက်က ရန်ကုန် site ထဲမှာကြာအုံးမှာလား၊မန္တလေးပြောင်းရွေ့မတင် သေးဘူးလားကွ "

(ပိုင်သစ်) " အေးဟ ဝေယံရဲ့ အလုပ်မပျက်သေးတာလေ ငါကတော့ခုရုံးပဲထိုင်နေတာ၊ နှစ်ဝက် လောက်ကျရင်တော့ မန္တလေးပြန်ပြောင်းဖို့စာ
တင်ထားတယ်"

(ဝေယံ) " စိုင်းခက်ငါပြောမယ်ပြောမယ်နဲ့မေ့နေတာ ဟိန်းထက်ငါတို့ရုံးကိုရောက်နေတယ်နော် ၊ ငါတို့က site ခြင်းမတူတော့ သိပ်တော့မတွေ့ရဘူး အစည်းအဝေးထိုင်မှသာ စကားပြောဖြစ် တာ"

(စိုင်းခက်) " သူအဆင်ပြေရဲ့လား ငါနဲ့လမ်းခွဲပြီးကတည်းက အဆက်အသွယ်ပျက်သွားတာ ၊ ငါ့ကိုစိတ်နာသွားတယ်ထင်ပါရဲ့ ဖုန်းနံပါတ်တွေပါ ပြောင်းသွားတယ်လေ "

(ပိုင်သစ်) " အဲလိုတော့လဲမဟုတ်လောက်ပါဘူးကွာ ငါတို့နဲ့စကားပြောဖြစ်ရင်တော့ ဟိန်းပုံစံက အေးဆေးပါပဲ အချိန်တွေလဲကြာခဲ့ပြီဆိုတော့ သူလဲ move on နိုင်လောက်ပါပြီ "

(စိုင်းခက်) " ဟုတ်ပါတယ်လေ ငါတို့လမ်းခွဲခဲ့တာ အမုန်းတွေမှမပါတာပဲ သူအဆင်ပြေနေလောက်မှာပါ ။

" တော်.. တော် တော်ကြတော့ ဟိုမှာ ကိုထိုက်လာနေပြီ"

လေပြေသွေးအပြောကြောင့် အားလုံးပါးစပ်ပိတ် ကာ  အကင်ဆက်ကင်နေလိုက်ကြသည်။ အကိုက ခုချိန်ထိ ဟိန်းနဲ့ပတ်သတ်ရင် သဝန်တိုတုန်းပဲလေ ၊ ဝေယံတို့လဲ သိနေသောကြောင့် ဟိန်းအကြောင်းဆိုလျှင်လုံးဝအစမဖော်ရဲကြ ၊ အခုတောင် လစ်တုန်းပြောကြခြင်းသာ ။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now