အပိုင်း(၂၇)uni & zg

8.5K 297 12
                                    

Unicode

နံနက် နေအလင်းရောင်သည် မျက်နှာထက်ကျရောက် လာသည်။ အချိန်ကို ကြည့်တော့ ၇ ခွဲ။
စိုင်းခက် အိပ်ယာဘေးတွင်တော့ ဟိန်း ကရှိမနေတော့။ ဟိန်း အလုပ်အင်တာဗျူးရှိလို့သွားသည် ထင်၏။ ဖုန်းကိုကောက်ကိုင်ကြည့်တော့ facebook တွင် ဘာnotification မှရှိမနေချေ။ တစ်စုံတစ်ခုကိုတော့ လွမ်းဆွတ်မိသား။ထို့
နောက်အလုပ်သွားရန်ပြင်ဆင်တော့သည်။

အလုပ်ရောက်တော့ စိုင်းခက် ထွေထွေထူးထူးမရှိသေး။ မနေ့က လက်ကျန်အလုပ်တို့ကလက်စသက်ပြီး အကိုနှင့် ထပ်ဆွေးနွေးဖို့သာရှိသည်။
ယနေ့တော့ ကွင်းဆင်းလေ့လာပြီး ဆွေးနွေးရ
မည်ဖြစ် သည်။ ဆောက်လုပ်မည့်ပုံစံတို့ကို အသေးစိတ်နေရာနှင့်တကွ ပေါ့။ အချိန်အားဖြင့် ၈ နာရီခွဲ။ ဒါနှင့် စိုင်းခက် မနက်စာကို food pandaမှ ရှမ်းခေါက်ဆွဲလှမ်းမှာလိုက်ကာ final design ကို အကို့ဆီ email ကနေ ပို့လိုက်ပြီးဖုန်းလှမ်းဆက်သည်။

" အကို ကျွန်တော် emailကို file တွေပို့ထားပြီးပြီနော်တစ်ချက်စစ်ကြည့်ပါဦး"

" အင်း "

မပီမသထွက်ပေါ်လာသော အကို့ အသံ။ သာမာန်အချိန်များထက် ပို၍ အက်ရှသည်။ အကိုခုထိမနိုးသေးတာလား။

" ကိုယ် ပြီးရင် စစ်ကြည့်လိုက်မယ်နော် ခက်"

ထိုဝါကျကို ဆိုသော အကို့ရဲ့အသံ ယခင်ကလို
တည်ကြည်မှုတော့ရှိမနေ။ သို့သော် နက်နဲပြီး အက်ရှနေသည်။ ဒါက အကို့ရဲ့ morning voice .... ဆွဲဆောင်နိုင်လွန်းသည်။ အသံတစ်ခုက လူတစ်ယောက်ကို ငြို့ငင်နိုင်စွမ်း ရှိလွန်း
တယ်ဆိုတာ ခဗျားတို့ယုံနိုင်ပါလား။
အထူးသဖြင့် "ခက်" ဟုခေါ်လိုက်သည့် အကို့အသံ ။ စိုင်းခက်တစ်ယောက် ခေတ္တပင် ဆွံ့အသွားရသည်။

မိနစ်ပိုင်းခန့် ပြန်သံမကြားသောကြောင့်

" ဟယ်လို ခက် ကြားရလား"

ထိုက် သတိပေးသံကြောင့် စိုင်းခက်တစ်ယောက်

" အာ ဟုတ်ဟုတ် အကို ဒါ ဒါဆိုရင် ပြီးရင်
စစ်ကြည့်နော်အကိုခုထိ မထသေးတာလား"

" အင်းဟုတ်တယ် ကိုယ် ညက အိပ်ယာဝင်တာနောက်ကျသွားတယ်"

" အော် ဟုတ်ကဲ့ ဒါဆို ဒါပဲနော် အကို"

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL जहाँ कहानियाँ रहती हैं। अभी खोजें