part 4

5.7K 249 7
                                    

မျက်နှာကို ထိုးလိုက်တဲ့အရှိန်ကြောင့်ငိုက်သွားပေမယ့် ကိုယ်ကိုတိုင်က အထင်လွဲအောင်လုပ်မိခဲ့တာကြောင့်
ရုပ်လေးနဲ့မှမလိုက် တော်တော်ပြင်းတဲ့လက်သီး။

"အာ မဟုတ်ဘူး ငါပြောတာ စောက်ရေးမပါမှန်းသိပေမယ့် ငါမင်းပါးတွေကို ကိုင်ချင်နေတယ် ကိုင်ခွင့်ပေးပါ "

သူတို့‌လေးတွေက စတွေ့တဲ့နေ့လေးမှာလဲ ဒီလိုချစ်ဖို့ကောင်းစွာပြုမူခဲ့ကြသေးတာ။

"Sorry sorry အထင်လွဲသွားတာ ဟင်းဟင်း
ပါးလေးကိုင်တာကို ကိုင်လို့ရပါတယ်ကိုင် "

ဆံပင်တွေကိုပင် နားနောက်ကို သပ်ပြီး ပါးကိုပါ အရှေ့တိုးပေးလိုက်၏ မျက်လုံးလေးတွေကလည်းမှိတ်ထားပြီးမျက်တောင်ရှည်လေးတွေကလည်းထင်းလို့ အပန်းရောင်သန်းနေတဲ့နူတ်ခမ်းဖူးဖူးလေးတွေက အနည်းငယ်ကွေးလာတာကြောင့် ပါးလေးတွေကပါ ပိုဖောင်းသွားသဏ္ဍာန်
ထိုအချိန်မှာတော့ ရှင်မင်းရဲ့ အကြည့်လေးက မီးရူးမီးပန်းပေါက်ခဲ့သလိုဘဲ အရောင်တောက်လို့..

"မကိုင်တော့ဘူးသွား ငါ့ကိုထိုးတယ်"

"မကိုင်နေပေါ့"

"မနေဘူးကိုင်မှာ"

ရှင်မင်းကတော့ လက်ညိုးနဲ့လက်မကိုသာ အသုံးပြုပြီး ပါးဖောင်းဖောင်းလေးတွေထံသို့

"အိကျိ အိကျိ ဟီး "

ပါးကိုညစ်ခံလိုက်ရတာမို့ ဆူထွက်လာတဲ့နူတ်ခမ်းသားလေးကလည်း ချစ်ဖို့ကောင်းနေဟန်

အသံတွေကပါ ရှင်မင်းပါစပ်က သိသိသာသာထွက်လာသေးသည်။
ကျေနပ်သွားသလိုဟန်နဲ့ ပြုံးစိစိဖြစ်နေပြီး

သွားညီညီလေးတွေကလည်း ထင်ပြီး ၃၂ချောင်းလုံးပေါ်သည်အထိ ဖီးပြရင်း

"ချစ်စရာလေး ငါမင်းကို Nickname ပေးလိုက်ပြီ "

"ထားပါ သူငယ်ချင်းလုပ်မှာလား "

"Nickname ပေးလိုက်ပါပြီဆို လုပ်မလို့လေ"

"ဒါဆို Nickname ကဘယ်လိုလဲ "

"Jelly Lay "

ပထမဆုံးစတွေ့နေလေးမှာလဲ သူစိမ်းကောင်းမလေးကို နမည်ပေးခဲ့သေးတာတဲ့လေ

မင်းမို့လို့သာ[One And Only](Completed)Onde histórias criam vida. Descubra agora