part 9

4.2K 184 10
                                    

"ပန်သစ်သွင် ထစမ်း !!"

အိမ်မာဆို ပန်သစ်အချစ်ဆုံးချစ်သူလေးက အိပ်ယာလေးပေါ့ ပန်သစ်တို့ ချစ်ခြင်းကိုတော့
လူဆိုးမေမေ က အမြဲခွဲတက်သူ

"ဝါးးအာ့ "

သန်းတာတောင် ဖြောင့်ဖြောင့် သန်းခွင့်မပေးဘဲ ဘာအကြောင်းပြချက်ရှိမှန်းမသိ
ကျောကုန်းကို အရင်ဆုံး ရိုက်တဲ့‌မေမေ
ကျန်းမာပါစေနော်

"ဘာလို့လဲ ဟွန်းး "

"အမေးကိုနောက်မှမေးအရင်ဆုံးအောက်ဆင်းလာခဲ့ "

"ဟုတ်!!"

အမေဖြစ်သူကို ခြေစုံပါက်ပြီး ရေချိုးခန်းပြေးဝင်သွားတာကြောင့် ဒေါ်ဟန်နီ‌လာထွေး
ဒေါသ နဲ့သာ ကျန်ခဲ့၏

"ငါ့သားလုပ်နေပြီးတော့ ရန်ဖြစ်တာကို ခံလာခဲ့ရတယ်ဟုတ်လား ကြားလို့မှမကောင်းကွာ "

"သုံးယောက်တစ်ယောက်ဗျ ဒယ်ဒီခံကြည့်ပါလား "

"‌ကလေးကို မဆူပါနဲ့တော့ကွာ မင်း သားလဲရှင်းပြပြီးပြီးဘဲ "

"ပါးပါးဘဲ ပြောလိုက်တော့ "

ဒယ်ဒီက ဆူနေပေမယ့် ပါးပါးဖြစ်သူကထောက်ပြလို့တော်သေး

(ပါးပါး ဆိုတာက အဖေ ကိုခေါ်တာမဟုတ်ဘဲ
အမေ့အမရဲ့ ယောင်္ကျားကိုခေါ်ရခြင်းဖြစ်ပါသည် တခြားဘယ်သူတွေခေါ်လဲမသိပေမယ့် ညီမ တို့ဆီမှာတော့ အဲ့လိုဘဲခေါ်တက်လို့ပါရှင့်)

"ကြည့်ပါအုန်း ငါတူလေး ဒဏ်ရာဒဏ်ချက်တွေနဲ့ ဒေါ်လေး ဆုံးမပေးမယ် သားညီမကို"

အဖွားမရှိချိန်တော့ လွတ်လွတ်လပ်လပ် ပြောလို့ရပေမယ့် တခါတလေ အကျင့်ပါလာတာကြောင့် မှားပြီး ပန်သစ်ကိုမိန်းကလေးလိုဘဲသုံးနူန်းကြသည်။

ဒေါ်လေးကလည်း သူ့ဘက်ပါလာတာကြောင့်
ဟန်လင်းစစ် မာန်တက်သွားရသည်။

တကယ်ဆို ဒီအိမ်က လင်မယားနှစ်လပ်က
ကလေးများ မှားမွေးလာသလား အောက်မေ့ရတယ်
ပန်သစ်ဆိုရင်လည်း မိဘအရင်းက ဆူတက်ပေမယ့် တီလေးနဲ့လေးလေးတို့ကလုံးဝအထိမခံ။
ဟန်လင်းဆိုသည်မှာလည်း မိဘအရင်းဆီက ဆူခံရ‌သလောက် ဒေါ်လေးနဲ့ ပါးပါးတို့ဆီမှာတော့ အဆူမခံရ။

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now