ဟူးးးးးး

" ဘာတွေ အဲ့လောက်တောင်သက်ပြင်းချနေတာလဲ "

သက်ပြင်း သဲ့သဲ့လေး ချမိတဲ့ ကိုရဲ ကို ရှိုင်းက မေးလိုက်ခြင်း

" မင်း မနေ့က ခေါင်းကိုရိုက်ခွဲခဲ့တဲ့ ကောင်မလေးက အခု ဆေးရုံမှာကွ ၊ ကောင်မလေးက သနားပါတယ်ကွာ ၊ သူ့မှာ အစထဲမှ ဖြူဖျော့ဖျော့ကို မင်း လုပ်လိုက်လို့ ပိုတောင် ဆိုးသွားသေးတယ် ၊ "

" သူက ဘာကိစ္စ ဆေးရုံတတ်ရမှာလဲ "

ငါ-ိုးထဲမှ မင်းလုပ်လိုက်လို့ဟေ့ကောင်ရ

" မင်းလုပ်လိုက်လို့လေ ၊ သူ့ခေါင်းက သွေးထွက်လွန်ပြီး မေ့လဲသွားတာ အခု ဆေးရုံမှာ ၊ ကံကောင်းလို့မသေတယ် "

" အော် ၊ ငါသူ့ကိုပိုက်ဆံအလုံအလောက်ပေးထားပါတယ် ၊ မင်းသွားစရာမလိုပါဘူး ၊ ပိုက်ဆံထပ်လိုရင် ပို့ပေးလိုက် ၊ မင်းက မသွားနဲ့ အလကား လူပဲပင်ပန်းတယ် "

" အေး စာနာစိတ်မရှိတဲ့ကောင် ၊ မင်းမရှိပေမဲ့ငါရှိတယ် ၊ ငါသွားကြည့်မှာ ဟေ့ကောင် ၊ သွားပြီ "

ကိုရဲက ကားသော့ယူကာ ထွက်သွားတော့သည်။

" အလကား နေရင်းပင်ပန်းအောင် ၊ အရာမဟုတ်တဲ့လူတွေကိုများ အလေးထားနေသေးတယ် "

.......

" နှိုင်း သက်သာရဲ့လား "

သတိရလာပြီဖြစ်တဲ့ နှိိုင်းကို သူငယ်ချင်းဖြစ်သူ ရိုစီက မေးလိုက်ခြင်း ။

" အင်း နည်းနည်းပေါ့ "
နှိုင်းရဲ့အသံမှာအလွန်ကိုအားနည်းလွန်းလှသည်။

" ဟင်းးး ဒီလိုပါပဲနှိုင်းရယ် တို့တွေဘဝက ပိုက်ဆံရှိလူတန်းစားတွေလုပ်ချင်သလို ခြယ်လှယ်ချင်သလို ခြယ်လှယ် လို့ရတဲ့ ဘဝတွေမျိုးမလား "

" အင့် ဟင့် နှိုင်းလေ.... နှိုင်း အိမ်ပြန်ချင်တယ် ရိုစီ ၊ ကူညီပေးနိုင်မလားဟင် "

နှိုင်းက ငိုကာ ယိုကာပြောတော့ ရိုစီ့ခမျာ သနားလှပါဘိ။
နှိုင်း bar ကို ရောက်ခါစက မျက်စိသငယ် နားသငယ်နဲ့ သူ့ခမျာ ဘာမှကိုမသိရှာဘူး ၊  တခြား စီနီယာကျတဲ့ အမတွေက နှိုင်းကိုဆို သိပ်ပြီး အနိုင်ကျင့်ကြတာ... ။
ထိုအရာကို ရိုစီက မကြိုက်တော့ ရိုစီက အမြဲတမ်း နှိုင်းဘက်ကနေဘဲ ကူညီပေးခဲ့တယ်။
Bar မှာရှိတဲ့ သူတွေအကုန် နှိုင်း က ယောက်ျားလေးတစ်ယောက်ဆိုတာ ကိုသိကြတယ်...။
ဧည့်သည်တွေရဲ့ အမြင်မှာတော့ နှိုင်းကို မိန်းကလေး ပုံစံလိုပဲ သိစေတယ်။

Only for you ( မင်းအတွက်သာ)Waar verhalen tot leven komen. Ontdek het nu