သူငယ်ချင်းမလေးဖြစ်သူ ရိုစီက မိတ်ဆက်ပေးတော့နှိုင်းကလည်း ပြန်လည် မိတ်ဆက်ပေးလိုက်သည်။

" ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် ၊ နှိုင်းလွန်းသာနွယ် လို့ခေါ်ပါတယ် ၊ နှိုင်းက ဒီ bar မှာအခုမှ စပြီးအလုပ်လုပ်ဖူးတာ ပါ "

" အော်ဟုတ်လား ၊ ကိုယ် ဒီကိုမလာတာကြာပေမဲ့ ဒီ bar က နှိုင်းဆိုတဲ့ မင်းက အရမ်းချောတယ်လို့ကြာဖူးတော့ ကိုယ်လည်း မင်းကိုခေါ်လိုက်တာ "

ရိုစီရဲ့ဘေးနားမှာထိုင် တဲ့ ကိုရဲမာန်ပြည့်ဟိန်းဆိုတဲ့ အစ်ကိုက နှိုင်းကို စကားလာပြန်ပြောသည်။
ကိုယ်ဒီကိုရောက်တာမကြာသေးပေမဲ့ ကိုယ့်သတင်းတွေက ပြန့်နေတယ်ဆိုတော့ အနည်းငယ်တော့ ရှက်မိသား။
တော်သေးတာပေါ့ သူတို့က ကိုယ်က ယောက်ျားလေးဖြစ်မှန်းမသိလို့။

" အော်ဟုတ်လား ၊ လာ အစ်ကိုတို့ တစ်ခွ​က်လောက်သောက်ပြီး ကဲကြမလား "

နှိုင်းက အရက်ငှဲ့ပေးကာ ကိုယ်တိုင်က အရက်ခွက်ကိုမြှောက်လိုက်ပြီး cheer လုပ်လိုက်သည်။

ထိုလူ ၃ယောက်ထဲမှ နှစ်ယောက်က ပျော်ပျော်ပါးပါးနဲ့ နှိုင်းတို့နဲ့ တရင်းတနှီးနေပေမဲ့ နှိုင်းဘေးနားက ရှိုင်းဝဋ်သာလွန်ဆိုသည့် ထိုလူကြီးမှာတော့ ယခုထိ စကားတစ်လုံးပင်မပြောသေးသော်လည်း ၊ ယခုထိ သူတစ်ယောက်ထဲ သီးသီးသန့်သန့်နဲ့ ထောင့်မှာသာ ကပ်နေလေသည်။

" ကိုရှိုင်းက မပျော်လို့လားဟင် ၊ နှိုင်းတို့နဲ့ က ကြမလား "
နှိုင်းက ထိုလူ့ကို စကား ပြန်ပြော နေပေမယ့် ထိုလူကတော့ နှိုင်းကို ရှိတယ်လို့ပင်မထင်။

" မင်း ဘာသာမင်း တခြားကိုသွားရင်ကောင်းလိမ့်မယ် ၊ ကိုယ်ဒီလိုတွေသိပ်စိတ်မဝင်စားလို့ပါ "

ထိုလူ့ရဲ့ အပြောကြောင့်နှိုင်း မျက်နှာပျက်သွားပေမဲ့လည်း မျက်နှာကိုအတတ်နိုင်ဆုံး ပြန်ပြင်ကာ တခြား နှစ်ယောက်နဲ့ပဲ စကားသွားပြောနေလိုက်သည်။

" ဟျောင့် ကိုရဲ   ရှိုင်းကငြိမ်လှခြည်လား "

" အေးကွ ငါလည်း သေချာမသိဘူး ၊ ငါသွားခေါ်ကြည့်ပါအုံးမယ် "

Only for you ( မင်းအတွက်သာ)Where stories live. Discover now