ထမင်းစားပြီးနောက် ပန်းကန်တွေကို နှိုင်းက ကူသယ်ပေးလိုက်ကာ ဒေါ်ခတ္တာနွယ်ကတော့ ပန်းကန်တွေကိုဆေးကြောနေလေသည်။
နှိုင်းသည် အိမ်ရှေ့ရှိ ဦးလွန်းသာ ရှိနေမည့် ကွပ်ပစ်လေးဆီသို့ အသွားမှာ သစ်ပင်အောက်မှာ လဲကျနေပါသော အဖေဖြစ်သူကြောင့် နှိုင်း ကြောင် အ သွားရသည်။

" မေကြီးရေ မေကြီးရေ ဒီမှာ ဖေကြီး လဲကျသွားပြီ "

ဒေါ်ခတ္တာနွယ်က အိမ်နောက်ဖေး မှ အလောတလော ပြေးလာကာ သစ်ပင်အောက်မှာလဲကျနေပါသော ခင်ပွန်းဖြစ်သူအား ပွေ့ချီလိုက်သည်။

" ကယ်ကြပါအုံးရှင် ကျွန်မယောက်ျားလဲကျသွားလို့ပါ "

ဒေါ်ခတ္တာနွယ် ပတ်ဝန်းကျင်ကို အကူညီတောင်းလိုက်တော့ အိမ်နီးနားချင်းတွေက သူတို့ဆီသို့ လာကြသည်။

" ဘယ်လိုဖြစ်ရတာလဲ မနွယ်ရယ် "

" ကျွန်မလည်းမသိတော့ပါဘူးရှင် ၊ အိမ်နောက်ဖေးမှာ ပန်းကန်တွေဆေးနေတုန်း သားငယ်က အော်လို့ ပြေးထွက်လာတော့ ဒီမြင်ကွင်းကိုမြင်လိုက်ရတာပဲ ရှင် ၊ ဆေးရုံကား အမြန်ခေါ်ပေးပါရှင် "
ဆေးရုံကားတောင် မရောက်လာစဥ်မှာပင် ဦးလွန်းသာသည် သေဆုံးသွားခဲ့သည်။
အကြောင်းမှာ ဦးနှောင့်သွေးကြောပြတ်ခြင်း ဖြစ်သည်။

" အီးးးဟီးးး ဖေကြီး ဖေကြီးကိုပြန်ခေါ်ပေးပါ "

ကလေးငယ်သည် သူ့ဖခင်၏ ရုပ်အလောင်းဘေးမှာထိုင်ကာ ငိုနေသည်။ ဇနီးသည်ဖြစ်သူမှာလည်း သူမ၏ သားနှင့် သေဆုံးသွားသော ခင်ပွန်းသည်ကို ကြည့်ကာ ရင်တုမဏာ ဖြစ်ရလေသည်။

" ကျွန်မ မကောင်းတာပါ ယောက်ျားရယ် ကျွန်မမကောင်းတာပါ ၊ ရှင်အဲ့လိုခံစားနေရတာ ကျွန်မကို ပြန်ပြောရောပေါ့ အခုတော့ အခုတော့....အီးးဟီးး"

ဒေါ်ခတ္တာနွယ်သည် သူမ၏သားကို တင်းကြပ်စွာဖက်ကာ ငိုနေလေတော့သည်။

မေမေက သားကို အများကြီး စောင့်ရှောင့်ပေးမှာမို့လို့ ငါ့သားအားမငယ်ပါနဲ့ကွယ် ။

ဒီလိုနဲ့နှစ်တွေလတွေအလီလီပြောင်းလဲခဲ့သည်။
နှိုင်းသည် အခုဆိုရင် အသက် ၂၀ ဆိုသည့် အရွယ်ကိုပင် ရောက်ရှိလို့လာသည်။

Only for you ( မင်းအတွက်သာ)Wo Geschichten leben. Entdecke jetzt