အပိုင်း(၃၅)uni & zg 🔞♥️

Start from the beginning
                                    

ဒါတွေထက် ထူးဆန်းတာက စားပွဲပေါ်တွင် ရှိ
နေသည့် " Happy 1st montsary "ဆိုသည့် စာတန်းလေးရေးထိုးထားသည့် cake ပေးပင် ။
စိုင်းခက် စားပွဲနားပြေးသွားလိုက်ပြီး cake လေးကို ကြည့် ၍ မျက်ရည်များဝိုင်းလာပြန်သဖြင့်

"ဟိတ် မငိုနဲ့အုံးလေ ဒါလေးအရင်ကြည့်အုံး "

ထိုက်က စိုင်းခက်ခေါင်းလေးအားပုတ်ကာပြောပြီး စားပွဲပေါ်မှ စာရွက်စာတန်းဖိုင်လေးကိုပေးလာသဖြင့် ဖတ်ကြည့်လိုက်တော့ သူ့နာမည်နဲ့
ဒီ တိုက် နှင့် ခြံကို လွဲပေးထားသောစာချုပ်လေး
ပင်။ စိုင်းခက်မှာအံ့ဩစွာဖြင့်

" ဟင် အကိုဒါက ကျွန်တော့်ကိုပေးတာလား "

" ဟုတ်တယ်လေ ကိုယ့် ကလေး အတွက် မွေးနေ့
လက်ဆောင် နဲ့ ၁လပြည့်အမှတ်တရလက်ဆောင်ပေါ့"

" အကိုရာ "

ထိုက်ရင်ဘက်အား ခပ်ဖွဖွလှမ်းထိုး၍ ဒီတစ်ခါတော့ ခနက ထိန်းထားတဲ့ မျက်ရည်များကိုကျခွင့်ပေးလိုက် သည်ထင်ပါ၏ ။ သူ့ရင်ခွင်ထဲ ခေါင်းတိုးဝေ့ကာ ငိုပါတော့သည်။

"ကဲတိတ်တော့လေ ငိုပဲငိုနေတော့မှာလားကွ
ကိုယ်တို့ကိတ်ခွဲရအောင် ၊ မွေးနေ့က မနက်ဖြန်မှဆိုတော့ မနက်ဖြန်မွေးနေ့ကိတ်ထပ်လုပ်ပေးမယ်"

ထိုက် စိုင်းခက်ပခုံးအားဖက်ကာ ဆိုဖာတွင်ထိုင် စေသည်။ ပီးတာနှင့် ကိတ်အား ဖယောင်းတိုင် လေး ၁တိုင် ထွန်းကာ မီးမှိုတ်လိုက်ကြသည်။
ကိတ်လေးခွဲကာ ထိုက်က စိုင်းခက်အားအရင်ခွံ့၍

" ပျော်ရွှင်စရာ ၁လပြည့်လေးပါနော်ကိုယ့်အသဲ၊ ၁လကနေ ၁နှစ် ၁နှစ်ကနေ မနက်ဖြန်တိုင်းများစွာ ကိုယ့်ဘေးနားမှာနေပေးပါအုံး ၊ အရမ်းချစ်ရပါတယ်နော် ကလေးလေး "

" ဟီးဟုတ်ကဲ့ပါဗျ ကျွန်တော်ကလဲ ကိုကို့ ကို သိပ်ချစ်တာမို့ ခွဲမသွားပါဘူးနော်"

"ဟာ ဘယ်လိုခေါ်လိုက်တာ ပြန်ခေါ်ပါအုံးကွာ"

"တော်ပီရှက်တယ် ရော့ ဟ ကိတ်စား "

စိုင်းခက် ရှက်လာသဖြင့် ဧည့်ခန်းထဲမှပြေးထွက် ခဲ့မိတော့သည်။ ကိုကို ဆိုသည့်နာမ်စားကို အသားမကျသေးတာနှင့်မခေါ်ဖြစ်ခဲ့ ၊ ခုခေါ်မိတော့သူထင်တဲ့အတိုင်းပင် အကိုက ထပ်ခေါ်
ခိုင်းနေသဖြင့် အပေါ်ထပ်သို့ပြေးတက်ခဲ့လိုက် တော့သည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now