အဖြစ်အပျက်က ခဏလေးဆိုပေမဲ့ စံမျက်ရည်တွေ ဝေ့တက်လာ၏။
“ပင်တိုင်စံ ဘာဖြစ်သွားသေးလဲ….”
တဆတ်ဆတ်တုန်နေသည့်
မိုက်ကိုင်ထားဆဲ သူမလက်လေးကို သူအသာအယာဆုပ်ကိုင်၍ မေးလိုက်သည်။“…ဟေ့…ကိုယ်မေးတာ ဖြေဦး…..”
“စံ…စံ..ကြောက်တယ် ကိုကြီး…..”
“….မကြောက်နဲ့ ကိုယ်ရှိတယ်… ကိုယ့်နောက်လိုက်ခဲ့….”
လူချော သူမကိုထွေးပွေ့ထားတဲ့ သူ့လက်ကို ဖယ်ပြီး လက်ကောက်ဝတ်လေးကနေ ပြောင်းကိုင်သည်။
*ဝုန်း..
*ဟာ ..
သူခြေလှမ်းစရုံရှိသေး သူမပြိုလဲကျသွား၏။သူ ဘာမှစဉ်းစားမနေဘဲ သူမကို စွေ့ခနဲကောက်ပွေ့လိုက်သည်။
💮💮💮💮💮💮💮💮💮💮💮💮
နားနေဆောင်ကို ပြန်ရောက်သည့်အခါ သူမကို ခုံပေါ်ချပေးလိုက်၏။
“အဟင့်…ဟင့်…စံကြောက်တယ်…”
“မင်းနေရာပြန်ရောက်ပြီ။ဘာမှမဖြစ်တော့ဘူး…”
“ဟင့်အင်း…ဟင့်အင်း….”
မျက်လုံးကိုစုံမှိတ်၍ သူ့လည်ပင်းကို ဖက်တွယ်ထားတဲ့ ကောင်မလေးလက်တွေကို သူဖယ်ချလို့မရပေ။
“မစံ စိတ်ထိန်းဦး…ဘယ်သူမှမရှိတော့ဘူး။မျက်လုံးဖွင့်ကြည့် မစံ…”
နွယ်ရုံ့အသံကိုပါ ကြားလိုက်၍ စံမျက်လုံးဖွင့်ကြည့်သည်။စံ့ခန္ဓာကိုယ်က ခုံပေါ်ရောက်နေပေမဲ့ လက်တွေက သူ့လည်ပင်းကို ဆွဲထားသည့်အတွက် ကိုကြီးက ကုန်းကုန်းကြီးဖြစ်နေ၏။
စိုးရိမ်နေသည့် သူ့မျက်လုံးတွေကို တွေ့လိုက်ပြီး စံကြုံခဲ့ရသည့် ထိတ်လန့်စရာကိစ္စကိုတောင် မေ့သွားသည်။
“ဟေ့..လက်ကိုလွှတ်ဦး…”
* ဩော....
လက်ကို မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်ပေးလိုက်သည်။
“မင်း သူ့ကိုခဏအနားယူခိုင်းလိုက် …ငါ အပြင်ကစောင့်မယ်…”
သူနွယ်ရုံ့ကိုပြောပြီး အခန်းပြင်ထွက်လာခဲ့သည်။အပြင်ရောက်မှ သက်ပြင်းမောကိုမှုတ်ထုတ်၏။နီးကပ်လွန်းတဲ့ မျက်နှာလေးက မျက်လုံးထဲပေါ်လာပြန်သည်။
![](https://img.wattpad.com/cover/355375665-288-k882330.jpg)
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."
Part 11
Start from the beginning