Part 8

5.1K 171 10
                                    

အပိုင်း - ၈

"ဘော့စ်.....ကောင်မလေးနဲ့သိလား...."

"ဘာလုပ်ဖို့လဲ..."

"...သိချင်လို့ပါဗျ..."

"ဟုတ်တယ်ဘော့စ်.....ပြောပြပါဦး...ဘယ်လိုတွေ့ခဲ့ကြတာလဲ..."

ပင်တိုင်စံတို့ပြန်သွားသည်နှင့် သူ့လူတွေအကုန် သူ့အနားဝိုင်းလာပြီး တစ်ယောက်တစ်ပေါက်နှင့်မေးကြသည်။

"..ကောင်မလေးက မက်စ်တပ်ထားတာတောင်မှကြည့်လို့လှနေတာ...mask များမတပ်ရင် တော်တော်လှမယ့်ပုံပဲ..."

"..ဟုတ်လားဘော့စ်...လှလား..."

"မသိဘူးကွာ..."

"ဟားဟားဟား...ဘော့စ်ကရှက်နေတာဟေ့..ကောင်မလေးနဲ့ဇာတ်လမ်းရှိခဲ့ပုံပဲ..."

"..မင်းတို့ထပ်ပြောရင် ည ၁၀ နာရီထိအောက်မှာနေရမယ်..."

သူပြောလိုက်သည်နှင့် အသံတွေကတိခနဲဆိုတိတ်ကျသွားသည်။အောက်မှာနေရမည်၏အဓိပ္ပါယ်မှာ ‌လေ့ကျင့်ခန်းလုပ်ရမည်ဖြစ်သည်။အပေါ်ထပ်က‌သာ သူတို့၏ နားနေဆောင်ဖြစ်၏။သူတို့ပြောသည့်ကောင်မလေးက နာမည်ကြီးအဆိုတော်ဖြစ်သည့်ပင်တိုင်စံဆိုတာသာ သူ့ကောင်တွေသိများသိခဲ့လျှင် ဘယ်လိုများနေမည်မသိ...

💮💮💮💮💮💮💮💮💮💮💮💮

မန္တလေးမှရန်ကုန်သို့မောင်းနှင်နေသည့်ကားလေးပေါ်တွင်...

"မစံ ခုနက အကိုကြီးနဲ့ဘယ်တုန်းက သိတာလဲ..."

"အဟင်း..."

နွယ်ရုံ့အမေးကြောင့် စံ ဦးလေးကြီးနှင့်ဆုံခဲ့သည့်အတိတ်ကိုသတိရသွားပြီး ရယ်မိသွားသည်။

"...ဟယ် ဘယ်လိုကြီးရယ်နေတာလဲ မစံ...."

"...အဲဒါ အချစ်ကိုတွေ့လို့ရယ်တဲ့ပုံစံဟဲ့...မရတော့ဘူး...ငါတော့ ဦးလေးကြီးကိုအ‌သေကြွေနေပြီ....သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကြောင့် ငါငယ်ငယ်က Crush ကြီးကိုပြန်တွေ့ရပြီ....ဟိ...ဟိ..."

စံကတော့ လက်သီးလေးဆုပ်မျက်လုံးလေးမှိတ်၍ ဦးလေးကြီး၏မျက်ခုံးမွေး
ကြီးနှင့်စူးရှနက်နဲသည့်အကြည့်တွေကို မြင်ယောင်လိုက်သေးသည်။အဲဒီမျက်ခုံးကြီးကို ဒီကကြွေခဲ့ရတာမဟုတ်လား...

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Tempat cerita menjadi hidup. Temukan sekarang