"ဟာ...လူကောင်းကလူနာကိုလာကြည့်မယ်မဟုတ်ဘူး လူနာကလူကောင်းကိုလာကြည့်နေရတဲ့အဖြစ်ပါလား "

သူနာပြုထွက်သွားပြီးလျှင်ပြီးချင်း အက္ခထံ့သို့ ဆေးရုံဝတ်စုံနှင့်လူနာတစ်ဦးရောက်လာခဲ့၏။ထိုသူမှာ အသက်၆၀ ကျော်လောက်ရှိနေပြီဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် အရိုးပေါ်သည်အထိ ပိန်လှီကာ အသားအရည်များကလည်း ဖြူဖတ်နေလေသည်။

ထိုလူကိုမြင်သည်နှင့် တခါမှမပြုံးဖူးသော အက္ခသည် သွားစွယ်လေးများပေါ်သည်အထိ ပြုံးခဲ့ကာ...

"ဦးဆော ဘယ်လိုရောက်လာတာလဲ "

"ဒေါက်တာသက်ပိုင်က နှိုင်းလူနာဆောင်ထဲရောက်နေတယ်လို့သတိလာပေးလို့ ဦးမှာ စိုးရိမ်တကြီး ပြေးလာရခဲ့ရတာ၊ဘယ်ဟုတ်မှာလဲ ဦးရဲ့တူလေးက သူနာပြုချောချောလေးနဲ့ ဖွန်ကြောင်နေတာကို "

"ဟာ...ဦးဆောကလည်းဗျာ ပေါက်ကရတွေ ကျွန်တော်တို့ ရောဂါနဲ့ပတ်သတ်တဲ့အကြောင်းဘဲပြောနေတာပါ "

"ဟားဟား နှိုင်းအကြောင်း ဦးမသိတာမရှိပါဘူးကွာ၊အင်း...သူနာပြုလေးကလည်း မဆိုးပါဘူး "

"ဦးဆော မစနဲ့တော့ "

အက္ခ စိတ်ဆိုးသွားဟန် ခပ်တည်တည်အနေအထား​ဖြင့်တားတော့ ဦးဆောက ဆက်မစတော့ပေမဲ့လည်း အရယ်ကတော့မပျက်ခဲ့ပေ။

သေချာကြည့်ခါမှ အက္ခသည် ဆေးပုလင်းချိတ်ရင်းတန်းလန်းဖြစ်နေသော ဦးဆော၏အဖြစ်ကို သတိထားမိသွားကာ_

"ဦးဆောကလည်းဗျာ လာလို့အဆင်မပြေတာကိုသိနေရဲ့သားနဲ့ ဘာလို့ဆင်းလာရတာလဲ "

အက္ခစိတ်ဆိုးဆိုးဖြင့်မာန်တော့ ဦးဆောသည်သူ့လက်ထဲမှကြိုးတန်းလန်းဖြစ်နေသည့် ဆေးပုလင်းကို မြှောက်ပြရင်း ရယ်ပြလျက်_

"အေးဆေးပါကွာ "

"ဘာအေးဆေးလည်း....လာခဲ့ ကျွန်တော့်လက်ကိုကိုင်ထား အခန်းထဲပြန်သွားမယ် "

အပြောကြမ်းပေမဲ့လည်း ဦးဆောအပေါ် တကယ်စိတ်ပူနေမှန်းသိတာကြောင့် အက္ခရဲ့အပြောကြမ်းတွေအပေါ် ဦးဆောကတော့ ပြုံးပြုံးလေးပင် နာခံနေလေသည်။

Change For You( သူ့အတွက်သာလျှင်)(U+Z)Where stories live. Discover now