အပိုင်း(၃၄) uni & zg

Começar do início
                                    

" ဟင်းး "

နမ်းနေရင်း စိုင်းခက်ဆီမှ ထွက်ပေါ်လာသော အသံများက ထိုက်အားပို၍ ရူးသွပ်နိုင်စေသည်။
စိတ်အစုံကိုထိန်းချုပ်မှရမည်ဆိုတဲ့အတွေးကြောင့် အနမ်း တို့ကိုကြိုးစားရပ်ရန် နှုတ်ခမ်းတို့ကိုခွါတော့သည်။ စိုင်းခက် ဘာလို့လဲဆိုသော မျက်လုံးအဝိုင်းသားလေးဖြင့် နှုတ်ခမ်းလေးဟကာကြည့်နေသည်။

" ထတော့ ခက် သွားကြရအောင် "
"မွ"

သူ့အားပြူးကြောင်ကြောင်လေးကြည့်နေတဲ့
စိုင်းခက်အား ပါးကို ဆွဲညစ်လိုက်ပြီး နဖူးအား အသံမြည်အောင် နမ်း၍ အရင်ထလိုက်ရသည်။
အန္တရယ်များလှတဲ့ နှုတ်ခမ်းတွေ နဲ့ အထိအတွေ့တွေပါလား ။ ဆက်နေလို့မဖြစ်တော့ဘူးဆိုတဲ့ အတွေးနဲ့ ရင်ဘက်အားခပ်ဖွဖွ ဖိ၍ အသက်ပြင်းပြင်းရူထုတ်လိုက်ရသည်။

*****🌸🌸🌸🌸*******

ထိုက်မှာ ကုပ်ချောင်းကုပ်ချောင်းဖြင့် ရုံးခန်းထဲ
ဝင်နေသော စိုင်းခက်ကို ကြည့်၍ ရီချင်စိတ်ကို ထိန်းကာ အနောက်မှဖြည်းဖြည်းခြင်းကပ်၍
လိုက်နေရသည်။ သူ့ဘက်လှည့်၍လဲ နှုတ်ခမ်း
နှင့်လက်ညှိုးထိကပ်ကာ "ရူးတိုးတိုး" ဆိုပြီးလဲပြောနေသေးသည်။

သူ့အလုပ်စားပွဲရှေ့အရောက် စားပွဲပေါ်က ဖိုင် များအား ဖြည်းဖြည်းခြင်းဆွဲယူနေစဉ် ဘေး
အခန်းမှ ဆွဲတံခါးအား တွန်းဖွင့်ကာလာစိုင်းခက် ကျောပြင်သို့ ရောက်လာသည့် ဖိုင်တွဲ။ ရိုက်ချ
လိုက်သည်နှင့်အတူ ခန့်မှူးလွင်၏ ကျယ်လောင် လှအသံကြောင့် စိုင်းခက်မှာ ကုန်းထားသောခါးပင် ပြန်မက်လျက် တောင့်တောင့်ကြီးဖြစ် သွားရသည်။ သူခိုးလူမိသွားသည်မို့လား ....

"ဟျောင့်စိုင်းခက် မင်းဒီလို ခိုးချောင်ခိုးဝှက် လာလို့ရမယ်ထင်နေသလား "

"ဟီးဟီး မင်းကလဲ ငါဘယ်မှာခိုးလာလို့လဲ
စေတနာနဲ့ အလုပ်တွေကူဖို့ ဖိုင်တွဲလာယူတာကို "

စပ်ဖြီးဖြီး ဖြင့် ခန့်မှူးလက်မောင်းအား လှမ်းထိုး၍ ပြောလာသော စိုင်းခက်ကို စိတ်ရှိလက်ရှိ နရင်းရိုက်ပစ်ချင်မိပါသည်။

"မင်းကိုလစာဖြတ်မယ် "

"ဘာဆိုင်လို့လဲ ငါကရုံးပဲမလာတာကို
အလုပ်တွေကပြီးတယ်လေ "

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Onde histórias criam vida. Descubra agora