အပိုင်း ၃

Start from the beginning
                                    

ရှောင်ကျန့် / ဒါပေမဲ့ သားမှ...

ရှောင်ကျန့်စကားမဆုံးခင်မှာပဲ

ရှောင်ပါး  / မလိုချင်ဘူး!!! မနက်ဖြန် သူတို့လာခေါ်လိမ့်မယ်
ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လိုက်သွား
မင်းကြီး နန်းတော်ကိုပြန်ရောက်တာနဲ့ မင်းတို့လက်ထပ်လိုက်ကြ!!!

ထိုစကားကြားတော့ ရှောင်မားက အထိတ်တလန့်ဖြစ်သွားကာ

ရှောင်မား / ဖေကြီး!!!

ရှောင်ကျန့် / ကောင်းပါပြီ ပါး...

ရှောင်ကျန့်ရဲ့ ပါးကတော့ ဘာစကားမှထပ်မပြောတော့ပဲ
စိတ်ပျက်စွာ စုတ်တချက်သပ်လိုက်ရင်း
ထွက်သွားလေတော့သည်။

ရှောင်မားက ငိုကျွေးလျက် သားလေးကိုကြည့်ကာ

ရှောင်မား / သား...သားလေးရယ်...မားသားလေးရယ်...ဟင့်

ရှောင်ကျန့် / မငိုပါနဲ့မား...သားတို့မိသားစု ဒုက္ခရောက်တာထပ်ဆိုင်ရင်
သား ယောက်ျားတစ်ယောက်နဲ့ လက်ထပ်လိုက်တာက ပိုကောင်းပါတယ်

ရှောင်မား / သားရယ်...ဟင့်...မားဘယ်လိုကျန်ခဲ့ရမလဲကွယ်...
ယွဲ့ယယ်...

ယွဲ့ယယ် / ဟုတ်ကဲ့ သခင်မ...

ရှောင်မား / သားနဲ့လိုက်သွား နန်းတော်ထဲမှာ သားကို သေချာစောင့်ရှောက်နော် ကြားလား

ယွဲ့ယယ် / ဟုတ်ကဲ့ပါ သခင်မ...

နောက်တနေ့မှာတော့ နန်းတော်ကလူတွေလာခေါ်တာကြောင့်
ရှောင်ကျန့်လဲ နန်းတော်ကိုလိုက်ပါခဲ့ရသည်။
သူ ဝေါယာဉ်ပေါ် တက်သည်အထိ ပါးကတော့ ထွက်လာမကြည့်ပေ...

မိဖုရားကြီး / ရောက်လာပြီလား သားရှောင်
မယ်တော်က မျှော်နေတာ

ရှောင်ကျန့် / ဟုတ်ကဲ့ ကျွန်တော်မျိုး မိဖုရားကြီးကို ဂါရဝပြု...

မိဖုရားကြီး / ဘာကို မိဖုရားကြီးလဲ သားရှောင်ရယ်
မယ်တော်လို့ခေါ်ပါ...

ရှောင်ကျန့် / ဗျာ...အော် ဟုတ်ကဲ့ မယ်တော်...
ကျွန်တော်မျိုးမယ်တော့်ကို ဂါရဝပြုပါတယ်

မိဖုရားကြီးက သဘောတကျရယ်ကာ

မိဖုရားကြီး / အဟက်ဟက်...
မင်းကြီးကတော့ နန်းပြင်ထွက်သွားတယ်
နန်းတော်ကို နောက်ရက်ပိုင်းလောက်မှ ပြန်ရောက်လိမ့်မယ်
အဲ့အခါကျမှ နှစ်ယောက်ကိုစုံပေးမယ်နော် သားရှောင်

ရှောင်ကျန့် / ရပါတယ် မယ်တော် အရမ်းမလောပါဘူး

မိဖုရားကြီး / ကောင်းပါပြီ သားရှောင် ပင်ပန်းနေရောပေါ့
နန်းဆောင်ကိုပြန်ပြီး နားလိုက်ပါဦး

ရှောင်ကျန့် / ဟုတ်ကဲ့ ဒါဆို ခွင့်ပြုပါဦး မယ်တော်

မိဖုရားကြီး / ကောင်းပြီ

ရှောင်ကျန့်ထွက်သွားတော့မှ

လျန်အာ / မယ်တော်ကြီး ဒီသခင်လေးကို ရွေးချယ်လိုက်တာ မင်းကြီးသိရင်လက်ခံပါ့မလား

မိဖုရားကြီးက ရေနွေးချမ်းကို ဟန်ပါပါသောက်ရင်း

မိဖုရားကြီး  / လက်မခံရင် လက်ခံအောင်ပြောရမှာပဲ
မြောက်ပိုင်း နယ်စားရဲ့ လက်အောက်ခံ နယ်မြေတွေက မနည်းဘူး
ပြိးတော့ မြောက်ပိုင်းနယ်စားက အင်အားဘယ်လောက်ကြီးမားတယ်ဆိုတာခန့်မှန်းလို့တောင်မရဘူး မင်းကြီးအတွက် သားရှောင်က ရတနာအိုးပဲ

တစ်ဖက်တွင်

ရှောင်ကျန့် နန်းဆောင်ထဲမှာ အနားယူနေရင်း
သူတစ်ခါမှ မမြင်ဖူးတဲ့ မင်းကြီးကို လက်ထပ်ရမဲ့အကြောင်းစဉ်းစားနေမိသည်။
အခုချိန်မှတော့ ဘယ်လိုမှနောက်ပြန်လှည့်လို့မရတော့မှန်း
ကောင်းကောင်းသိနေခဲ့ပါ၏။

ယွဲ့ယယ်က အလိုက်သိစွာ

ယွဲ့ယယ် / သခင်လေး အရမ်းဝမ်းနည်းနေရင် ယွဲ့ယယ်ကိုပြောလေ
ယွဲ့ယယ်နားထောင်ပေးပါ့မယ်

ရှောင်ကျန့် / ရပါတယ်ယွဲ့ယယ် မင်းကအရမ်းငယ်သေးတယ်
တချို့ ကိစ္စတွေ မင်းသိလို့မသင့်ဘူး

ယွဲ့ယယ် / ဟုတ်ကဲ့ပါ ဘာပဲဖစ်ဖြစ် သခင်လေးအနားမှာ ယွဲ့ယယ်ရှိနေပါ့မယ်
ဒီမှာနေရတာအဆင်မပြေရင် အိမ်တော်ကို ဘယ်အချိန်ဖြစ်ဖြစ် ပြန်လာခဲ့ဖို့
သခင်မကြီးက မှာလိုက်တယ်

ရှောင်ကျန့်လဲ ဝမ်းသာမျက်ရည်များရစ်ဝိုင်းလျက်

ရှောင်ကျန့် / မားကတော့ ကလေးကိုဘာတွေမှာလိုက်တာလဲ...

ယွဲ့ယယ် / ဒါဆို သခင်လေးနားပါ ယွဲ့ယယ် အပြင်မှာရှိနေပါ့မယ်

ရှောင်ကျန့်လဲ ဘာမှပြန်ပြောမနေတော့ပဲငြိမ်နေလိုက်တော့သည်။

၃ရက်ခန့်ကြာပြီးနောက်

နန်းတော်ကို ပြန်ရောက်ရောက်ခြင်း
ယောက်ျားပျိုတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုတဲ့သတင်းကြောင့်
မယ်တော့်ဆီအပြေးအလွှားရောက်လာပါသော မင်းကြီး

အဆိပျ အဆိပ်Where stories live. Discover now