“ခစ်..ခစ်…ခစ်….”

“…ကိုလူချောကြီးက အသေဖြောင့်တာနော်။ကားမောင်းကလည်းကျွမ်းတာ....သူရောက်လာမှ နွယ်ရုံတောင်မောင်းစရာမလိုတော့ဘူး…..”

“…လူမရှိလို့သာ နင့်မောင်းခိုင်းတာ…နင်မောင်းတာ လိုက်စီးရတာ..ငါဖြင့်ကြောက်ပါ့….”

“ခစ်…ခစ်…ခစ်….”

“..အားကိုးရှိလာတော့ ကျုပ်ကို ပလစ်ပြီပေါ့လေ…..”

“ဟိ….ဟိ…..”

နှစ်ယောက်သား တိုးတိုးတိတ်တိတ်ပြောရင်း ခိုးခိုးခစ်ခစ်ရယ်ကြပြန်သည်။

ကိုကြီးရောက်တာ အခုဆို တစ်လပြည့်တော့မည်။သူ့အိမ်ပြတင်းတံခါးကို အမြဲပိတ်ထား၍ စံ့မှာသူ့ကိုချောင်းလို့မရ။အပြင်ထွက်လျှင်လည်း အလုပ်ကိစ္စမှလွဲ၍ ဘာစကားတစ်ခွန်းမှမပြော…..စံ့ဘက်က ဒီလောက်လိုက်လျောပေးနေတာတောင် သမာဓိအားကောင်းလှသည့် ဒီလူကြီးကို စံ တဖြည်းဖြည်းနှင့် သံသယဝင်လာသည်။

အများပြောကြသလို ဗလကောင်းတဲ့ ယောကျ်ားလေးတချို့က ဂေးနေတယ်ဆိုတာ ဟုတ်များဟုတ်နေနိုင်မလား....

💮💮💮💮💮💮💮💮💮💮💮

နေ့လယ်ပိုင်း ဒယ်ဒီအိမ်ပြန်လာချိန်တွင် စံနှင့်မာမီ စံမန္တလေးသွားမည့် ခရီးစဉ်အကြောင်းပြောနေကြသည်။ဒယ်ဒီ့ကားလေး ဆင်ဝင်အောက်ရောက်လျှင်ရောက်ချင်း မာမီကအပြေးလေးထွက်ကြိုသည်။အိမ်မှာ အလုပ်သမားတွေ မည်မျှပင်များစေကာမူ မာမီက ဒယ်ဒီ့အတွက်ဆို သူကိုယ်တိုင်လုပ်ပေးလေ့ရှိသည်။စံကတော့ ဒယ်ဒီနှင့်မာမီ၏ ချစ်ခြင်းကို အမြဲအားကျနေရသူ။။

“သမီး ဘယ်နှစ်ရက်ကြာမှာလဲ….”

“နှစ်ရက်ပေါ့ ဒယ်ဒီ….”

“အေးပါ အစစအရာရာ ဂရုစိုက်…အင်း …မှာမယ့်သာမှာတာပါ။မန္တလေးဆိုတော့ မောင်လူချောတစ်ယောက်လုံးရှိနေတာပဲ။ဒယ်ဒီ သိပ်တော့စိတ်ပူစရာမလိုပါဘူး…..”

“..စိတ်ချပါဒယ်ဒီရဲ့ …စံအရင်ကလည်း ဒီလိုပဲသွားနေကျကို…..”

“..လေယာဉ်လက်မှတ်ကရော…..”

“..ကိုလူချောက သူစီစဉ်ပေးမယ်တဲ့….”

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now