"မလိုက်လည်းနေခဲ့ အစ်ကိုတော့သွားပြီ..."

"အော် ပြောမရပါလား..."

ပန်းခင်းတွေကြားကျော်ပြီး သရက်ပင်အောက်ရှိ ကွပ်ပျစ်ဆီသို့ဦးတည်သွားနေသည့်အစ်ကို။ အစ်ကိုရဲ့ကျောပြင်က ဘာကြောင့်ကြည့်ကောင်းနေရသလဲ။ မူပိုင်ဟန်ရှိသည့်အပြင် စကားပြောရင်လည်းတစ်လုံးချင်းစီပြောတဲ့အစ်ကိုဟာ တစ်ခါတလေ ပြောရင်းဆိုရင်း စကားမေ့သွားတတ်သေးသည်။

"ညီမလေး..."

"ဟုတ်ကဲ့အစ်ကို..."

"တဘက်ခါဆို ကျောင်းသွားရတော့မယ်နော်..."

"ဟုတ်တယ်လေ အစ်ကိုရောလိုက်ရမှာကို..."

"အွန်း... အစ်ကို ညီမလေးကို ကာကွယ်စောင့်ရှောက်ပေးမယ်နော်..."

နေဝင်ရာဘက်ကိုသာမျက်နှာမူပြီးပြောနေသည့်အစ်ကိုအား ကြည့်မရတော့ပါ။

"တစ်စုံတစ်ယောက်ကို အလေးအနက်ပြောရင် မျက်ဝန်းကိုကြည့်ပြောရတယ်အစ်ကို..."

သူမဘက်လှည့်လိုက်ပြီး မျက်ဝန်းတစ်စုံကိုသာစိုက်ကြည့်လိုက်သည်။ မကြာပါ...

"သားတို့ ဒီရောက်နေတာကို ဝင်ခဲ့ကြတော့..."

"ဟုတ်ကဲ့အန်တီ..."

တော်တော်နှင့်မထသေးဘဲ ပေကပ်ထိုင်နေမိသည်။ လေပြေအေးလေးတွေကို ထိတွေ့ခွင့်မရှိတာ ကြာပြီမဟုတ်လား။

"အစ်ကိုရေ ဒါနဲ့ဘဲ ညီမ‌လည်းအအေးပတ်တော့မယ် ထပါတော့..."

လက်မောင်းကိုအစိုးမရဘဲလာဆွဲထူနေသည်။ ထိုကလေးမအပေါ် ဖြူစင်မှဖြစ်မည်ဟု အကြိမ်ကြိမ်သတိပေးရင်း ရင်ခုန်သံကိုချုပ်နှောင်လိုက်ရသည်။

"ထပြီ ထပြီ အသားကိုမထိပါနဲ့ ကျောင်းရောက်ရင်လည်း ဒီလိုတွေမထိနဲ့..."

"ဘာလို့လဲ..."

"အထင်အမြင်လွဲမှာတွေ မလိုလားဘူးညီမလေး..."

အရှေ့ကနေထွက်သွားပြန်ပြီ။ ဒီတစ်ခါငိုင်ကျန်ခဲ့ရသည်မှာ မြင့်မိုရ်နွယ်ပါ။ သူကဘဲ အထင်လွဲမှာကြောက်နေသေးတယ်။ နစ်နာမဲ့နစ်နာ ကျွန်မနစ်နာရမည်မဟုတ်လား။

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now