"ဟင် အဲ့လူနောက်နေတာလား..."

"ဟုတ်မှာပါ... တစ်ခုကူညီပါလားညီမ..."

"ဟုတ် ပြောပါအစ်ကို..."

"မေမေ့ကို ခေါက်ဆွဲပြုတ်လုပ်ပေးဖို့ပြောပေးပါ ပြီးတော့ အခန်းထဲဘဲစားတော့မယ်လို့ ခေါင်းကိုက်နေတာမလို့ မထနိုင်ဘူးဖြစ်နေတယ်..."

"ဟုတ်..."

သူမထွက်သွားတာနဲ့ အနီးနားမှာ မီးခြစ်ကိုရှာလိုက်သည်။ စာရွက်အောက်ကနေ မီးအပူပေးလိုက်ပြီး ပေါ်လာသည့်စာများကိုကြည့်ရင်း သက်ပြင်းချမိသည်။

"ဟူး... ဘယ်လိုဖြစ်နိုင်မှာလဲ..."

ကျွန်တော်ကံကြမ္မာက ထိုစာရွက်ဖြူပေါ်က မှင်နက်များအတိုင်းပင်။ ဝဋ်ရှိသမျှကျေပါစေတော့ ဆုတောင်းရင်းသာပေါ့။

"အယ် သား အခန်းထဲမှာစားမယ်ဆိုပြီး ဘာလို့အပြင်ထွက်လာတာလဲ ခေါင်းကိုက်နေတယ်ဆို..."

"သက်သာနေပါပြီမေမေ... ပေးလေ တစ်ခါတည်းဒီမှာဘဲစားလိုက်တော့မယ်..."

"ထိုင်ဦး သမီးမြင့်မိုရ်နွယ်လည်း အစ်ကိုနဲ့အတူတူတစ်ခါတည်းစားလိုက်တော့နော်..."

"ဟို အမေ့ကိုစောင့်လိုက်ဦးမယ်အန်တီ..."

"ညီမလေးက သူ့အသိနဲ့လိုက်သွားတာကြာမယ်ထင်တယ် စားနှင့်လိုက်တော့သမီး..."

"ဟုတ်ကဲ့..."

ဟန်နီဈာန်ဖြိုးရဲ့မိခင်မလို့ ကိုယ့်သားဘာတွေဖြစ်နေလဲမသိပေမဲ့ မျက်နှာမကောင်းတာကိုတော့ ခံစားမိပါ၏။ စိတ်ရှိတိုင်းသာဆိုလျှင် မေးလိုက်ချင်ပေမဲ့ သားရဲ့ကိုယ်ရေးကိုယ်တာကို စည်း‌ကျော်ပြီးမမေးချင်တော့ပါ။

"အစ်ကို စားတော့လေ ခေါက်ဆွဲတွေပွကုန်ပြီ..."

"အော် အင်း..."

ထိုမျှဖြင့်သာ စကားဝိုင်းအဆုံးသတ်သွားပြန်သည်။

"ညီမလေး ခြံထဲလမ်းလျှောက်ရအောင်..."

"အစ်ကို နေကောင်းတာမဟုတ်သေးဘူးလေ... အပြင်မှာလေစိမ်းတိုက်နေတယ် အအေးပတ်သွားမယ်..."

လူကြီးတစ်ယောက်လေသံဖြင့် ပြောနေသည့်သူမကို ကြည့်သာကြည့်နေလိုက်တော့သည်။ ခြံပြင်မထွက်ရတာ ကြာပြီမဟုတ်လား။

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now