ကံကောင်းထောက်မစွာနဲ့ ပြုတ်ကျတဲ့အရှိန်က သိပ်မမြင့်တော့ အရမ်းမနာလိုက်ဘူး။ ကျွန်မ မတ်တပ်ထရပ်ပြီး အခြေငြိမ်အောင်ကြိုးစားနေတုန်းမှာတင် မလှမ်းမကမ်းဆီမှာ ရပ်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
ကုကျန့်!
လက်ထဲမှာ စားစရာဘူးတစ်ဘူးကိုကိုင်ရင်း အသံတစ်ချက်မထွက်ဘဲ ကျွန်မကို အေးအေးလူလူစိုက်ကြည့်နေတဲ့သူ။
ကျွန်မလည်း ရွေးချယ်စရာမရှိတဲ့အဆုံးမှာ နှုတ်ခမ်းစွန်းကို ပါးပါးလေးကွေးရင်း ပြုံးပြလိုက်တော့တာပေါ့။ ပြီးတာနဲ့ တစ်ဖက်ကိုလှည့်ပြီး တစ်ချိုးတည်းလစ်ပြေးတော့တာပဲ။
ဒါပေမယ့် သုံးလှမ်းပြည့်အောင်မလှမ်းရသေးခင်ကို ကုကျန့်က ကျွန်မကိုဖမ်းမိနေပြီ ၊ တစ်ဖက်က ကျွန််မရဲ့လက်ကောက်ဝတ်ကိုဆွဲဖမ်းထားပြီး တစ်ဖက်ကလည်း စားစရာဘူးကို ကိုင်ထားရင်းပေါ့။
"ရှင် ကျွန်မကိုလွှတ်ပေးပါဆို ၊ ဒီထဲမှာ ပိတ်ထားပြီးတော့ရော ဘာထူးမှာမလို့လဲ ၊ ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင်နဲ့လိုက်မှာမဟုတ်ဘူး"
ကုကျန့်က တစ်ချက်ရယ်လိုက်ပြီးတော့ စကားဆိုလာခဲ့တယ် ;
"မင်းကို လွှတ်ပေးလိုက်ဖို့ကရတယ် ၊ ဒါပေမယ့် မင်း ကျွန်တော်နဲ့နေရာတစ်ခုကို အရင်လိုက်ခဲ့ပေးရမယ်....အဲ့ဒီနေရာကို ရောက်ပြီးလို့မှ မင်း စိတ်မပြောင်းသေးဘူးဆိုရင် ကျွန်တော် မင်းကိုလွှတ်ပေးမယ်"
စိတ်ထဲမှာထူးဆန်းသလိုဖြစ်မိတော့ စူးစူးစမ်းစမ်းပဲမေးကြည့်လိုက်တယ် ;
"ဘယ်နေရာလဲ"
"မင်း ရောက်သွားရင် သိမှာပဲလေ"
ကျွန်မက သူ့ကို မယုံသင်္ကာလှမ်းကြည့်တော့ ကုကျန့်က ထပ်ပြီးစကားဆိုလာခဲ့တယ် ;
"မင်း ကြောက်တယ်ဆိုရင်လည်း ထားလိုက်တော့လေ ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မင်းကို ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး ၊ မသွားချင်လည်းမသွားရုံပေါ့"
YOU ARE READING
Eastern Palace [ ဘာသာပြန် ]
Historical Fictionမေ့လျောခြင်းမြစ်ရေဟာ နှလုံးသားခံစားချက်တွေအားလုံးကို မေ့ပျောက်သွားစေခဲ့ပေမယ့်.... အရာအားလုံး ပြန်လည်သတိရလာတဲ့အခါမှာတော့ သူမ ဘယ်လိုရွေးချယ်ရပါ့တော့မလဲ?