Unicode
"Happy Birthday ပါ မ...."
"ကျေးဇူးပါ ငယ်... "
အဆင့်မြင့်ဟိုတယ် တစ်ခု၏ နံနက်စာစားချိန် မနဲ့သူရဲ့ ကောင်းသောနံနက်ခင်းတစ်ခုကို အစပြုခဲ့သည် ။ မရဲ့ မွေးနေ့မနက်ခင်းမှာ ထပ်ပြောလိုက်သော မွေးနေ့ဆုတောင်းစကားကို မက ပျော်ပျော်ကြီး လက်ခံယူသည် ။
"ငယ်...မ့အတွက် လက်ဆောင်ကရော...."
မက မျက်စောင်းလေးသေးသေးရွယ်လျက် ဖွင့်ဟလာသည် ။ သာယာလှတဲ့ အသံလေးက သူ့နားစည်ကို ဝင်တိုက်ခတ်လာ၏။
"မ...ဘာလိုချင်သလဲ..."
"မ လိုချင်တာ ငယ်က ပေးမှာလား..."
"ကိုယ် ပေးနိုင်တဲ့အရာတွေ ဆိုရင်ပေါ့...."
"မ....ငယ်ရဲ့အချစ်နဲ့ ငယ့်ရဲ့ လွှမ်းမိုးမှုတွေ...လိုချင်တယ်....ငယ်က မ့အပိုင်ဖြစ်ချင်တယ်..."
ညှိုးငယ်သော မျက်ဝန်းတွေနှင့် စိုက်ကြည့်ပြောလာသော မ က သိပ်ညှို့ဓာတ်ကြွယ်လှသည် ။ ဒီအပြော ၊ ဒီအသံ ၊ ဒီအကြည့်တွေက သူ့အား ဆွဲဆောင်လွန်းလှသည် ။
"ကိုယ်တို့ အခန်းယူရအောင် မ..."
သူ့အပြောတစ်ခွန်းနဲ့ လှစ်ခနဲ့ပြုံးလိုက်သော အပြုံးနှင့်တင် သူ့စိတ်များ ကြွလာ၏။ မ က သိပ်လှည့်စားနိုင်လွန်းသည် ။
*******
ရေချိုးခန်းထဲ ရေကျသံများက သူ့အား ချက်ချင်း ဝင်သွားပြီး ဆွဲစားလိုက်ချင်သည် ။ မ ရဲ့ အလှအပတစ်ခုချင်းစီကို စားဖူး ၊ မြင်ဖူးပါရက်နှင့် ရင်ခုန်သံက မြန်လျက် ။ဂျောက်!!!
Bathrobe အဖြူရောင် ဝတ်ဆင်၍ တစ်လှမ်းထွက်လာသော မ ။ အောက်ဖျားကောက်ထားသော ဆံနွယ်ရှည်တချို့က မျက်နှာအား ဖုံးကွယ်နေသေးသည် ။
"ကြည့်လှချီလား ငယ်...."
"မ..က သိပ်လှနေတာကို..."
"ဟ...ဟ...မ က သာမန်ပါပဲကွာ..."
သူ့ဆီရောက်လာသော မရဲ့ ခါးအားဆွဲဖက်လိုက်ပြီး ဆံနွယ်တချို့အား နားရွယ်တွင် ညှပ်ပေးလိုက်၏။ သူ့ထက် လေးနှစ်ကြီးသော မ ။ ဟုတ်တယ် မ က သာမန်ပဲ ။ သာမန်အသက် ၃၀ ရွယ်အမျိုးသမီးတစ်ယောက်ပဲ ။ သူ့ကသာ မ ရဲ့ အပြုအမူတွေမှာ ရုန်းမထွက်နိုင်တာ ။
VOUS LISEZ
One Shot Collection 🔞🔞(GL)