💮💮💮💮💮💮💮💮💮💮💮💮

ဦးလေးကြီး တိုက်အိမ်လေးမှာနေဖို့ သဘောတူလိုက်တာကို စံ သဘောခွေ့နေသည်။သူသာ ငြင်းမယ်ဆို ဇွတ်ဆွဲထားဖို့အတွက် စံ့မှာစကားလုံးတွေ
တောင် ပြင်ဆင်ထား၏။အခုတော့ ဘာမှတောင် မတိုက်တွန်းလိုက်ရပေ။

စံ့အိပ်ခန်းကနေ လှမ်းကြည့်ပါက သူ့တိုက်လေးကို တိုက်ရိုက်မြင်ရသည်။စံကတော့ သူ့ကို ချောင်းချင်တိုင်းချောင်းခွင့်ရပြီမို့ အပျော်ကြီးပျော်နေပြီ။

💮💮💮💮💮💮💮💮💮💮💮💮

သူ တိုက်လေးထဲမှာ ပစ္စည်းတွေနေရာချနေတုန်း ဆဌမအာရုံအရ တစ်ယောက်ယောက်က စူးစိုက်ကြည့်နေတယ်လို့ ခံစားမိပြီး ဘေးဘီဝဲယာကို ကြည့်သည်။လူမတွေ့။

ပြတင်းပေါက်မှနေ၍ သူ့မျက်နှာကို နည်းနည်းမော့ကြည့်ရာ မျက်နှာချင်းဆိုင်တိုက်ကြီးဆီမှ လိုက်ကာစလေးလှုပ်သွားတာ မြင်လိုက်သည်။သူတို့လုပ်ငန်း၏ လေ့ကျင့်ခြင်းတွေထဲမှာ မျက်စိ၊ နား၊ အနံ့ အကုန်လျင်ရသည်။လေတိုးသံတောင် မလွတ်စေရအောင် နားပါးရ၏။သူ အပေါ်ထပ်ကို တိုက်ရိုက်စူးစိုက်ပြီး လှမ်းကြည့်သည်။လိုက်ကာနောက်ကွယ်ကို ထိုးဖောက်ပြီးမြင်နိုင်အောင် သူအကြည့်တွေကို အာရုံစိုက်ထား၏။တဖြည်းဖြည်းနှင့် လှုပ်လီလှုပ်လဲ့ ပုံရိပ်လေးကို ဖမ်းမိလာသည်။

*ဒုန်းးး

လူချော တိုက်လေး၏ပြတင်းတံခါးကို ဒုန်းခနဲအသံမြည်အောင် ဆွဲပိတ်သည်။အပေါ်ထပ်ကအခန်းထဲမှာ သူ့ကို သူခိုးချောင်းနည်းချောင်းနေသည့် မိန်းကလေးရှိတာမျိုး သူ မနှစ်မြို့ပေ။ဒီပြတင်းပေါက်ကို အစဉ်အမြဲပိတ်ထားမှဖြစ်မည်။

အခန်းထဲပြန်ဝင်လာပြီး အဝတ်အစားချွတ်၍ ရေချိုးခန်းဘက်ကူးခဲ့သည်။ဒီတိုက်ခန်းလေးက ရေချိုးခန်းနှင့် အိပ်ခန်းက သီးသန့်စီဖြစ်နေ၏။

ရှပ်..ရှပ်..ရှပ်…

ရေပန်းခဏပိတ်၍ ဆပ်ပြာတိုက်နေစဉ် အကျင့်ဖြစ်နေကျနားက ခြေသံလိုလိုကြားရသည်။ရေပန်းကို မြန်မြန်ဆွဲချ၍ ဆပ်ပြာတွေကို ကုန်စင်အောင်လုပ်ပြီး ခါးမှာတဘက်ပတ်၍ ထွက်လာခဲ့သည်။အသက်ကိုအောင့်ပြီး‌နောက် အခန်းတွင်းဝေ့ကြည့်၏။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now