1

1K 44 7
                                    

ည လအလင်းရောင်တန်းနေသော ကြမ်းခင်းထက်တွင် လှမ်းသောခြေတစ်စုံ......သူ၏ ခြေလှမ်းများက တစ်နေ့တာအတွက် ပင်ပန်းနေသည့်ပုံ.....
သူက တံခါးကို ပိတ်ကာ လွယ်ထားသော လွယ်အိတ်ကို ကြမ်းပြင်ပေါ်သို့ပစ်ချသည်....အခန်းမီးကို ဖွင့်တော့ တံခါးပွင့်နေသော အိပ်ခန်းထဲမှ မှန်ပေါ်ရှိ သူ၏ပုံရိပ်ကိုလှမ်းမြင်နေရသည်......ယောက်ျားလေးတစ်ယောက်အဖို့ သေးငယ်သော ခန္ဓာကိုယ်နှင့် ပွယောင်းနေသော sweatshirt ကြီး....တစ်ဖန် mid term ရောက်ရှိလာပြီမို့ အမှီလိုက်ကာ ညဥ့်နက်သည်အထိကျက်ရသော စာများကြောင့် မျက်ကွင်းများက ညိုလို့.....

"စိတ်ပျက်တာ...."

သူက ခေါင်းခါကာ ပျင်းတိပျင်းရွဲ ငြီးငြူသည်......Night shift ရောလုပ်ရ စာပါကြိုးစားရသော တက္ကသိုလ်ကျောင်းသားငယ်တစ်ယောက်၏ဘဝသည် တစ်ခါတစ်ရံတော့ ငြီးငွေ့ဖွယ်ကောင်းမည်လေ......

"အစ်ကို Khao....."

အိပ်ခန်း နောက်တစ်ခန်းထဲမှထွက်လာသော အသံသေးသေးကြောင့် သူက မျက်ခုံးများကို ပင့်သည်.....ညအိပ်ဝတ်စုံဝမ်းဆက်ဖြင့် သူ့ဆီသို့ပြေးလာသော ကလေးငယ် မျက်လုံးများကို ပွတ်လျက်ပင် သူ့ကိုပြေးဖက်တော့ သူကပြုံးကာ ကလေးနှင့် တိုက်ရိုက်စကားပြောနိုင်အောင် ဒူးထောက်သည်......

"Fo....အစ်ကိုနှိုးမိသွားတာလား......"

သူက ဆံပင်ညိုညိုလေးများကိုဖွကာမေးတော့ ကလေးငယ်က ခေါင်းခါသည်.....မညီညာသော သွားပိစိများပေါ်အောင် ဖြီးရယ်ပြတော့ သူကပါ လိုက်ရယ်မိသည်.....

"သားက အစ်ကို့ကို စောင့်နေတာ......သားမှတစ်ယောက်တည်း မအိပ်ချင်တာ.....အစ်ကို Neo က စောစောပြန်သွားတာ သားကိုထားခဲ့ပြီး...."

အလိုမကျဟန် နှုတ်ခမ်းများကို ဆူပြီးပြောလာသော ချစ်ဖွယ်လေး.....

"အစ်ကို Neo က ဒီညအလုပ်မအားလို့ စောပြန်သွားတာပါ.....နောက်ညတွေ Fo လေးနဲ့အတူအိပ်ပေးလိမ့်မယ်....နော်....."

ကလေးငယ်က ဂျီဆက်မကျဘဲ ခေါင်းငြိမ့်တော့ သူကဆက်ပြောသည်.....

"၁၁ နာရီထိုးနေပြီ Fo.....ပြန်အိပ်တော့နော်.....မနက်ဖြန်ကျောင်းသွားရဦးမှာ....."

Wolfboy Where stories live. Discover now