အပိုင်း(၃၃)Uni & Zg

Start from the beginning
                                    

စားပွဲရှင်းထားသည်တင်မက သူ့နာမည် stand ဘေးတွင် ဘောင်ခေတ်ထားသည့် ဓာတ်ပုံ stand နှစ်ခုကလဲနေရာယူထားသေးသည်။ သေချာ
ကြည့်လိုက်တော့ ပထမတစ်ပုံက ကလောက
အိုးစည်တောင်တွင် ရိုက်ခဲ့သည့်ပုံ နှင့် ပြင်ဦးလွင် က tent မှာ ရိုက်ထားသည့် ပုံလေးတွင်ဖြစ်သည်။ ပုံရဲ့ဘေးမှာ ကော်ဖီစေ့လေးများ
ထည့်ထားသော အဖုံးတွင်အပေါက်ပါသည့် ဖန်ပုလင်းတစ်ပုလင်း၊ ထိုက်သေချာကြည့်ရင်းအံ့ဩနေမိသည်မှာလဲ မျက်နှာမှာအထင်းသားပေါ်နေပြီး ဟန်မဆောင်နိုင်အောင်ပြုံးမိသွားသည် ၊ ကြည်နူးခြင်းတွေနဲ့ရောပေါ့ ။

"ဘယ်လိုလဲ အကို ကြိုက်ရဲ့လား "

သူ့အားအပြုံးကြီးပြုံးကာ ကြည့်၍မေးလာသ
ဖြင့် အပြုံးများကို ရပ်တည့်လိုက်ကာ မျက်နှာ
ပြန်တည်လိုက်ပြီး

"အင်း ကော်ဖီနံ့တွေကြောင့် စိတ်လန်းတာပေါ့"

ထိုက်က ဓာတ်ပုံတွေကို မသိချင်ယောင်ဆောင် ပြီး ကော်ဖီဖန်ပုလင်းလေးကို ကိုင်လျက်ပြော
လိုက်သဖြင့် စိတ်အလိုမကျရင် ထော်လာသော
နှုတ်ခမ်းဖူးဖူးလေးက သူ့မျက်နှာပင် လာထိုးမိမှာတောင်စိုးရသည်။ မျက်နှာကလဲ သူနဲ့ဆန့်
ကျင်ဘက် ကို လှည့်လျက်ဖြင့် ထိုက်မှာ ကျိတ်ရီမိလိုက်သည်။

"အဟမ်း ပုံတွေကလဲ လှပါတယ် "

ထိုသို့ပြောလိုက်မှ သူ့ဘက်ပြန်လှည့်လာကာ မျက်လုံးတွေ မှိတ်သွားသည်ထိ ပြုံးပြပြီး လက်အားလာဆွဲကာ ဆိုဖာခုံတွေဘက်သို့ခေါ်လာသဖြင့် ကြည့်မိလိုက် တော့ စားပွဲတွင်ရှိနေသည်က အုန်းနို့ခေါက်ဆွဲ ၂ ပွဲ နှင့် ကော်ဖီ ၂ ခွက် ။

"ထိုင်အကို အကို့အကြိုက် အုန်းနို့ခေါက်ဆွဲ "

စိုင်းခက်က မနေ့ညနေက မြကေသီအား ပုံတွေသွားထုတ်ပေးရန် ကူညီတောင်းခဲ့ခြင်းဖြစ်သည်။ အုန်းနို့ခေါက်ဆွဲကိုမနက်ကထဲက ဝင်ဝယ်လာပြီး ထိုက်မလာခင်ပြန်နွေးထားသည်။ ကြက်ဥ ၊ကြက်သား ၊ ကြက်သွန်နီ များနှင့် စုံလင်စွာစား
ချင်သဖွယ်ပင် ။

" ကျေးဇူးပဲ စိုင်းခက်ကိုယ်ကြိုက်တယ် "

" ကျွန်တော့်ကိုလား "

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now