142.1.ကြောက်မယ်ဖွယ်​ဘေးဆိုးကြီး

Start from the beginning
                                    

ထိုအချိန်တွင် တစ်စုံတစ်ယောက်က တီးတိုးပြောလာသည်။

“နဝမမင်းသမီးက မထိမ်းမြားချင်လို့ မိဖုရားယွေ့ရဲ့ တံခါးဝရှေ့မှာ အချိန်အတော်အကြာဒူးထောက်ခဲ့သေးတယ်လို့ တို့ကြားထားတယ်”

“ဟမ်? သူတို့နှစ်ယောက်က ငယ်ကျွမ်း​ဆွေတွေ မဟုတ်ကြဘူးလား? သူမက ဘာလို့ သူ့ကို လက်မထပ်ချင်ရတာလဲ?”

“ရှူး! ဘယ်သူ သိနိုင်မှာလဲ? သူမကို တုန်နေအောင်ချစ်တဲ့မိဖုရား​ယွေ့က တကယ်ပဲ သူမကို နန်းတော်ထဲမှာ ၃ရက်၃ညတိုင်တိုင် ဒူး​ထောက်​​စေထားခဲ့တာတဲ့!”

လီဝေ့ရန်သည် အတင်းအဖျင်းများကို ကြားသော်လည်း လျစ်လျူရှုကာ မင်းသမီးငိုကြွေးနေတာကိုပဲ တည်ငြိမ်စွာကြည့်နေသည်။ သူမ ၏ နှလုံးသားထဲမှာတော့ မင်းသမီးရဲ့ ဒုက္ခကို နားလည်နိုင်သည်။ သူမချစ်မြတ်နိုးပြီး လေးစားခဲ့ရတဲ့ ယောက်ျားတစ်ယောက်က သူမအပေါ် ဘာခံစားချက်မှ မရှိခဲ့ဘူးတဲ့လေ။ သူမ ဘယ်လိုလုပ် အဆင်ပြေနိုင်ပါ့မလဲ? ဒါပေမယ့် လီဝေ့ရန်ကတော့ အချစ်မခံရတာလည်း အဆင်ပြေတယ်လို့ ခံစားမိတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ပဲ လိုအပ်တာပင်။ တကယ်လို့ ကိုယ်က ကိုယ်တိုင်တောင် မချစ်တတ်ဘူးဆိုရင် အခြားသူတွေ ကိုယ့်ကို ချစ်လာဖို့ ဘယ်လိုလုပ် တောင်းဆိုလို့ရနိုင်မလဲ? ဒါကြောင့် ဘယ်လောက်ပဲ သူမက နဝမမင်းသမီးကို စာနာမိတယ်ဆိုပေမယ့် သူမမှာတော့ အဲ့လို စိတ်မျိုးအမှန်တကယ်မရှိပေ။

ထိုအချိန်တွင် မင်းသမီးယုံနင်း၏အမျိုးသမီးအရာခံ​က ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး အပြုံးဖြင့်ပြောလာသည်။

“ဒီအစေခံက မင်းသမီးကို အခန်းတစ်ခုဆီ ခေါ်ဆောင်သွားပေးပါ့မယ်”

သို့သော် နဝမမင်းသမီးသည် လီဝေ့ရန်၏လက်ကိုသာဆုပ်ကိုင်လိုက်ပြီး မလွှတ်တော့ပေ။ အမျိုးသမီးအရာခံသည် ထူးဆန်းစွာဖြင့် သူမကို ကြည့်လိုက်သည်။ လီဝေ့ရန်က

“တို့ မင်းသမီးနဲ့ အတူလိုက်ခဲ့ပါ့မယ်” ဟု ပြောလိုက်သည်။

ပွဲအခမ်းအနားအတွင်းတွင် ဤကဲ့သို့ ဆွဲလားရမ်းလားလုပ်ခြင်းသည် စဉ်းစားချင့်ချိန်နိုင်သောသူ၏အပြုအမူတော့မဟုတ်လှပေ။

လီ​ဝေ့ရန် (ဒုတိယတွဲ) ZawgyiWhere stories live. Discover now