Ep15🖤(Z)

247 9 0
                                    


အိမ်ပြန်ဖို့ လမ်းမှာ လမ်းလျောက်နေတဲ့ သားဖနှစ်ယောက်ကို တစ်ယောက်သောသူကလည်း အနောက်ကနေ ပုန်းကွယ်ပြီး လိုက်ကြည့်နေသည်

တစ်ဆက်တည်း မှာပဲ သူတို့ကို လိုက်ကြည့်နေတဲ့ သူလည်း ရှိနေသးသည်

သိမ် လည်း သားလေး က ခနခန အနောက်ကိုလှည့်လှည့်ကြည့်တာကို သတိထား မိနေတာမို့

" သား ဘာလို့အနောက်ကို ခနခန ကြည့်နေလည်း လျော်လဲကုန်မယ် "

"ဟုတ် ပါးပါး"

သိမ်သားလေးကိုပြောပြီး အနောက်ကို လှည့်ကြည့်ပေမယ့် လမ်းလျောက်နေကြတဲ့ လူတွေကိုပဲ တွေ့တာကြောင့် အရှေ့ကိုပြန်လှည့်ပြီး တစ်နေနေရာကို သွားဖို့ စဉ်းစားနေလိုက်သည်

ဒရစ် ဒရိုင်ဘာနဲ့ ပို့ထားပေးတဲ့ ကားနေရာကိုရောက်တော့

" ဦးကြီး သားလေးကို အခန်းထဲ ထိ ပို့ပေးပါနော် သိမ်သွားစရာရှိသေးလို့"

" ရပါတယ် သခင်လေး ဒါမယ့် သခင်ကြီးက ခွင့်ပြုထားတာမရှိလို့ ကျွန်တော် ကြောက်မိပါတယ်"

" အာ မလိုတာ သိမ်လို့ပဲ ခေါ်ပါ
မလွတ်တာကတော့ ဘာမှမဖြစ်ဘူး သားကိုပဲ ခေါ်ပြန်လိုက် အစ်ကိုက အခန်းမှာမရှိသေးဘူး"

" ဟုတ်ကဲ့ပါ ခင်ဗျ"

"အင်အင်
သားလေး အခန်းထဲရောက်ရင် ဦးဦးမရှိရင် ဦးဦး ဂျွန်ကို ခေါ်လိုက်နော် ပါးပါးသွားစရာရှိလို့"

"ဟုတ်"

" ပါးပါး သားလေးက လိမ္မာလိုက်တာ အူးမွ"

သိမ်လည်း သားလေးကို နမ်းပြီး သားကို ကားပေါ်တင်ပေးပြီး ကားထွက်တာကိုကြည့်နေသည်

ဒရစ်လည်း ကားပေါ်လိုက်မသွားပဲ ရပ်ကြည့်နေတဲ့ သိမ် ကိုကြည့်ပြီး ထုထောင်းချင်စိတ်မှ ဖွားကနဲ

ထို့နောက် သိမ်လည်း ကားထွက်သွားပြီးတော့ Taxi တားစီးကာ တစ်နေနေရာကို သွားနေသည် ဒရစ်လည်း အနောက်ကနေ ထက်ကြပ်မကွာ လိုက်နေသေးသည်

ထို့နောက် တစ်နေနေရာကို အရောက်မှာ သိမ်က ဆင်းသွားပြီး မြေကွက်လပ် တစ်ချို့ဘက်ကို ချိုးဝင်သွားတော့သည်

Vampire  Manner 〘Complete  〙Where stories live. Discover now