Ep5🖤(Z)

407 7 0
                                    


ဂျွန်တစ်ယောက် Condo ပြန်ရောက်တော့ သခင်လေးကို မတွေ့
သူဒရစ်ရဲ့ အခန်းရှေ့မှာ ရပ် စောင့်နေလိုက်သည် သခင်လေးကို သခင်ကြီးမှာ ထားတဲ့စကားကို ပြောပြဖို့ လိုသေးတာကြောင့် အခန်းထဲ မနားရဲ

တအောင့်ကြာတော့  အခန်းဘက်ကို လူတစ်ယောက် ရောက်လာသည် ဂျွန်လည်း တခြားအခန်းက ထင်ပြီး မမြင်သလို နေပေမယ့် ထိုလူက သူ့ရှေ့တည့်တည့်အခန်းကိုရောက်လာသည်

သူလည်း ရောက်လာပြီး သူ့ကို ကြောင်ကြည့်နေတဲ့ လူကိုကြည့်လိုက်သည်
အရပ် ကအရမ်းမပု မျက်နာတွေက သွယ်လျနေပြီး နှာတံ စင်းစင်းရယ် မျက်ခုံး ကောင်းကောင်းရယ်က ဆွဲဆောင် မူ့ရှိစေသည်

"ဟို ဒီအခန်းက CEO ဟန်ဂျွန်ဒရစ် အခန်းလားမသိဘူး.."

မေးလာတဲ့ သူရဲ့ ဘက်ကို လှည့်နေလိုက်ပြီး လက်ကို နောက်ပစ် ကာ

"ဟုတ်ပါတယ် ဒါနဲ့ ဘယ်သူ.."

"ကျွန်တော်က သော်ရှိန်ပါ CEO ရဲ့ အတွင်းရေးမှူး အသစ်ပါ ရှယ်ယာ စာရင်းတွေ လာပေးထားပါဆိုလို့.."

ဂျွန်ရှေ့က လူကိုအကဲခတ်ကြည့်ရသလောက်  စကားပြောပုံကော အမူအယာ တွေက တည်ငြိမ်နေတာကြောင့် သခင်လေး ရွေးထားတယ် ဆိုတာ ခန့်မှန်းမိသည်

" အော အခု CEO မရှိသေးဘူး ကို လည်းစောင့်နေတာ "

သူပြောပြီး ရှေ့က လူကို သေချာကြည့်နေလိုက်သည်
သော်ရှိန်လည်း လူကို စူးစိုက် ကြည့်နေတဲ့ လူကြောင့်နေရခက်နေသည်

"ဟို အစ်ကို..?"

"အင်း အစ်ကိုက ဒီဘက်လူက CEO ရဲ့ အစ်ကိုဂျွန်ပါ.."

"ဗျာ.. CEO ရဲ့ အစ်ကို!!."

သော်ရှိန် CEO ရဲ့ အစ်ကိုလို့ပြောပြီး အရမ်းငယ်ရွယ်ပြီး ချောမောနေတာကြောင့် မယုံချင်

(သော်ရှိန် အရပ်အမောင်း ၆ ပေ အသက် ၂၅ဟန်ဂျွန်ဒရစ်ရဲ့ အတွင်းရေးမျှုး)

" ဘာအကိုလဲ စကားဆင်ခြင်.."

အသံလာရာကို နှစ်ယောက်လုံးလှည့်ကြည့်တော့ အိမ်စီးဖိနပ်ရယ် ညဝတ်အင်ကျီ ရယ် ကိုမှ အပြင်ထည် အရှည်ကို ဝတ်ထားပြီး လမ်းလျောက်လာတဲ့ သူတို့ရဲ့ CEO

Vampire  Manner 〘Complete  〙Nơi câu chuyện tồn tại. Hãy khám phá bây giờ