ဟန်သစ် Alexပခုံးကို တစ်ချက်လှမ်းပုတ်ကာ လာရာလမ်းအတိုင်း ပြန်လျှောက်သွားခဲ့သည်။

ကျောင်းသားများ စုပေါင်းစခန်းချထားရာနေရာကိုရောက်တော့ ညနေငါးနာရီပင်ရှိနေချေပြီ။

လူတိုင်းညစာစားပြီးသည်နှင့် ခပ်မှိန်မှိန်အလင်းရောင်အောက်က ညရှူခင်းကိုရှုစားလျက် ဝိုင်းဖွဲ့ကာရယ်မောခဲ့ကြရ၏။

သူတို့ထင်မထားခဲ့သည်က နောက်တစ်နေ့မနက်အစောကြီး၌ Mikeက ဟန်သစ်ဆီသို့ရောက်လာခဲ့မည်ကိုပင်။

.........
.........

"ဘယ်လိုလုပ်ရောက်လာတာလဲ"

"တောင်ခြေကဆေးရုံမှာ လိုအပ်တာလေးရှိလို့ မိတ်ဆွေကိုအဖော်ပြုပြီးလာခဲ့တာလေ...... နောက်တော့ Babyက ဒီကိုခရီးထွက်လာမှန်းသတိရပြီး ခဏလောက်နေရအောင်တက်လာခဲ့တာပဲ"

Mikeက သူ၏ဆံပင်များကိုဆော့ကစားကာ ကြင်ကြင်နာနာပြောနေနိုင်ပေမယ့် Mikeရောက်လာကတည်းက မပျော်မရွှင်ဖြစ်သွားသောAlexကြောင့် ဟန်သစ်လည်း ဘယ်လိုလုပ်ရမယ်မှန်းမသိတော့ပေ။

Mikeကိုသာခေါင်းညိတ်ပြ၍ နေပူမလာခင် ပတ်ဝန်းကျင်တစ်လျှောက် လျှောက်သွားနိုင်ဖို့ ကျောင်းသားများကိုလောဆော်လိုက်သည်။

တောင်ပေါ်ရှိရှုခင်းများက အရမ်းလှပ၏။ တောင်အောက်သို့လှမ်းကြည့်လိုက်ပါက မြို့ပြ၏အလှနှင့်အပြာရောင်ကောင်းကင်သည် ပနံသင့်ပေသည်။

တောင်ပေါ်ရှိ နေရာတော်တော်များများကိုပတ်လျှောက်ပြီး ရှုခင်းများကိုလည်း ကြည့်ဖြစ်ကြသည်။

Alexက တစ်ချိန်လုံး အဖွဲ့ထဲဝင်မရောဘဲ မလှမ်းမကမ်းကနေသာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ရင်း သီးခြားလိုက်ပါလာခဲ့သည်။

တွဲလျက်သားဖြစ်နေတဲ့ သူနဲ့Mikeကိုလည်း ခဏခဏလှမ်းကြည့်နေလျက်ရှိ၏။ သူ့ကိုအခက်တွေ့အောင်မလုပ်လာသလို တစ်နေကုန်လည်းအနားမကပ်ခဲ့။

-

တစ်နေကုန်သွား၍ ရေမိုးချိုးအနားယူဖို့လုပ်သည့်အချိန်၌ Mikeဆီသို့ ဖုန်းတစ်ကောဝင်လာခဲ့သည်။ Mike၏အမူအရာမှာ မသိမသာပြောင်းလဲသွားခဲ့၍ သူ့ဘက်လှည့်ပြောလာ၏။

Student(Completed)Onde histórias criam vida. Descubra agora