part_3

135 15 1
                                    


ဟန့်!!!!ဒေါ်လရိပ်ချို!ခဗျားအလှည့်ကျပီ!!!

_______________________________________

မိုးများတဖွဲဖွဲ ရွာသွန်းနေချိန် အုပ်ဂူဖြူဖြူအောက်မှာ ငိုကြွေးနေတဲ့ ကောင်လေးတစ်ယောက်..

"ဦးငယ်အတွက်ကျွန်တော်ဂလဲ့စားချေ‌နိုင်တော့မယ်ဗျဦးငယ်ရ... ဦးငယ်ခံစားခဲ့ရသ‌မျှ..သူတို့တစ်မိသားစုလုံးကို ပြန်ခံစားရအောင် ဒီကဦးငယ်ရဲ့တူလေးကပြန်လုပ်ပေးမာ.!!!!!!

မျက်ရည်များကျနေသော်လဲ အ
ရူးလိုမျိုးပြုံးရယ်နေသော ကောင်လေးတစ်ယောက်

........................

လရိပ်ဒီနေ့အလုပ်ပိတ်ရက်ကြောင့်...ကိုကိုအား မုန့်သွားစားရန်ပူစာထားရာ...ကိုကိုကလိုက်ပို့မည်ဆိုတာကြောင့် လရိပ်အစောကြီးပြင်ဆင်နေမိသည်။ကိုကိုက အမြဲအပြင်သွားမယ်ဆိုတိုင်း တစ်နာရီလောက်အလိုထဲက ရောက်နေတတ်သည်လေ ဒါကြောင့် လရိပ်လဲ ပြင်ဆင်ပီးကာ စောင့်နေလိုက်သည်။ပြောရင်းဆိုရင်းခြံရှေ့ထိုးရပ်လာတဲ့ ကားအဖြူရောင်လေး။

"ကိုကို"

"အယ်...ငယ်လေးကနိုးတောင်နိုးနေပီလား....ကိုကိုကမနိုးသေးဘူးထင်တာ"
မနက်စာကောစားပီပီလား....အပြင်ရောက်မှစားမှာလား"

"အပြင်မှာစားမယ်လေ...ဒီနေ့အုန်းနို့ခေါက်ဆွဲလေးစားချင်လို့"

"နေ့တိုင်းစားနေရတာ မငြီး‌ငွေ့ဘူးလား "

"မငြီးငွေ့ပါဘူး..ပိုတောင်ကြိုက်သေး"

"ဟားဟား....ဟုတ်ပါပီကွာသဘောပါ..

လရိပ်ငေးခနဲဖြစ်သွားသည်။
ရီလိုက်ရင်ပေါ်လာတဲ့ ပါးချိုင့်လေးနဲ့ကိုကိုဟာ အရမ်းကိုဆွဲဆောင်မှုရှိတယ် အမျိုးသားတစ်ဦးပင်။

"ကိုကိုမျက်နှာမှာဘာတွေပေနေလို့လဲ"

"ဘာမှမပေပါဘူးဒီတိုင်းကြည့်ကောင်းလို့"

"ဘာလဲအချိုင့်လေးလိုပြန်ပြီလား"

မျက်လုံး‌လေးများမှေးဆင်းသွားကာ..သွားသေးသေးလေးတွေပေါ်လာတဲ့အထိပြုံးပြလာတဲ့ထိုကောင်လေး......

အတိတ်ရဲ့ခြေရာ(ခေတ္တရပ်နား)Where stories live. Discover now