part_2

206 20 2
                                    

ချာတိတ်!!မင်းကဟိုမိန်းမယုတ်နဲ့ ဘယ်လိုပတ်သက်နေပါလိမ့်??

___________________________________________
ဒေါက်ဒေါက်(တံခါးခေါက်သံ)

"သား...လရိပ်ရေ....ထတော့လေကွယ် အလုပ်ပထမဆုံးနေ့မာနောက်ကျရင်မကောင်းဘူးနော်သား"

"ထပြီမေမေ....သားရေချိုးပီးဆင်းခဲ့မယ်"

"အေးအေးသား...မေမေဒီနေ့သားကြိုက်တဲ့အုန်းနို့ခေါက်ဆွဲလေးလုပ်ပေးထားတယ်........သားအဖေကလဲ သားနဲ့စကားပြောချင်လို့‌တဲ့အောက်မှာစောင့်နေလေရဲ့ ....မြန်မြန်လုပ်ပီးဆင်းခဲ့နော်သား'"

"ဟုတ်မေမေ"

လရိပ်လဲ'ရေကိုကပြာကယာချိုးကာထွက်လာလိုက်သည်။ အောက်ခံအဖြူရောင်T-shirtကိုမှအပေါ်ကအပြာရောင်စွယ်တာ'အောက်ကခဲရောင်ဂျင်းဘောင်းဘီ‌အရှည်လေးနဲ့တွဲဝတ်လာကာ နဂိုရှိစွဲ မျက်နှာလေးပေါ်မှာface-creamလေးအနဲငယ်လိမ်းကာ ထွက်လာလိုက်သည်။

"မေမေ "ဖေဖေ'မောနင်း

လရိပ်လဲမောနင်းဟုပြောကာ ‌မေမေပါးကိုမွှေးကြူလိုက်သည် မေမေဟာမြန်မာအမျိုးသမီးတေရဲ့ဓလေ့အတိုင်း သနပ်ခါးရေကြဲလေးကိုထူထူလေးလိမ်းထားပီး ထဘီနဲ့ဆွဲသားအင်္ကျီအပွလေးကိုဝတ်ဆင်ထားကာ မေမေဟာ၃၈နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းလှသည်။

"သား..."

မေမေခေါ်သံကြောင့် လရိပ်လဲမေ့မေ့ကိုကြည့်လိုက်ရာ မေမေက ဖေဖေကိုမသိမသာ မျက်စပြစ်ပြတော့မှ လရိပ်လဲသဘောပေါက်တော့သည်။

"ဖေဖေ"သားကိုပြောစရာရှိလို့ဆို"

"အေးဟုတ်တယ်သား...သားကိုဖေဖေပြောချင်တာက အလုပ်မှာအာရုံစိုက်နော် အိမ်မှာနေသလိုခလေးလိုမျိုးလုပ်နေလို့မရဘူး..အလုပ်ကစီနီယာအကိုတေအမတေနဲ့လဲတည့်အောင်နေ...ဘယ်လိုကိစ္စမျိုးပဲရှိပါစေ ဖေဖေတို့နဲ့တိုင်ပင်ကြားလား..တယောက်ထဲကြိတ်ဖြေရှင်းမနေနဲ့နော်သား"

"သားကခလေးမဟုတ်ဝောာ့ပါဘူးအကိုရယ်"

"ခလေးထက်ဆိုးလို့ပြောနေရတာပေ့ါ"မင်းသားအကြောင်းလဲမင်းသိရဲ့သားနဲ့အမြဲရှပ်ပြာရှပ်ပြာနဲ့"

အတိတ်ရဲ့ခြေရာ(ခေတ္တရပ်နား)Where stories live. Discover now