သားအိမ်ထဲတွင် သန္ဓေသားသည် အလွန်သေးငယ်နေသေးသည်။ ၎င်းသည် တစ်လခန့်သာရှိသေးပြီး ပဲသီးအရွယ်အစားသာရှိသေးကြောင်း ဆရာဝန်က ပြောသည်။

'ပဲသီးလေး' ကို တွေးကြည့်တော့ သူ့ ရဲ့ နှလုံးသားဟာ ပျော့ပျောင်းသွားခဲ့တယ်။ သူလိုအပ်သမျှကို ပြောပြချင်ပြီး 'ပဲသိီးလေး' သည် အခြားဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာမရှိသည့်အတွက် ပို၍ပင် စိတ်ဆင်းရဲနေတော့မည်။

သူ့ ၏ တင်းမာသောမျက်လုံးများသည် တိုက်ခိုက်ရေးစိတ်ဓာတ်များဖြင့် တောက်ပလာပြီး စစ်ဟွိုင်ရှီးကို တည့်တည့်ကြည့်ကာ..

"မင်းနဲ့ စကားပြောစရာရှိတယ်" လို့ပြောလိုက်တယ်။

ဖေးကျောက်ကျိုးက ထထိုင်လိုက်ပြီး ...

"မင်းဘာလို့ အိပ်ရာပေါ် လာမအိပ်တာလဲ..အိပ်ရာက ကျယ်ပါတယ်.."

စစ်ဟွိုင်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုမှားနေသလို ခံစားရပြီး ရုတ်တရက် ..

"ဖေးကော..ကောတစ်ခုခုဖြစ်နေတယ် ဟုတ်တယ်မလား..."

ဖေးကျောက်ကျိုးရဲ့ အေးစက်ပြီး လေးနက်သော အမူအရာသည် ချက်ချင်းပင်ပျောက်သွားကာ..

"မဟုတ်ပါဘူး..ငါ့မှာ Pheromone ချို့တဲ့ တဲ့ရောဂါဖြစ်နေတာ.. အဲဒါကို ဖြည့်ဆည်းပေးဖို့ မင်းရဲ့ အနံကို လိုနေလို့ပါ..."

စစ်ဟွိုင်ရှီးရဲ့ မျက်လုံးများက မှေးကျဥ်းသွားသည်။ ဖေးကျောက်ကျိုး က သူ့ဆီ ချဉ်းကပ် လာရတဲ့  အကြောင်းအရင်းက ဒါကြောင့်ကိုး.. ဖေးကျောက်ကျိုးက သူ့အတွက် အလွန်ထူးခြားပြီး အလွန်ချစ်ဖို့ကောင်းနေတော့တာပါပဲ...

စစ်ဟွိုင်ရှီး သည် လူတစ်ဦးကို  လွယ်လွယ်ကူကူလက်မခံဘဲ နောက်ဆုံးသောနေ့ ရက်များအတွင်း သူတစ်ယောက်တည်း တောရိုင်းထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး လူသားသဘာဝ၏ ယုတ်ညံ့သောသဘာဝကို မြင်ခဲ့သည်။ တူညီ သောအမျိုးအစားတွေနဲ့ နေရမယ့်အစား ဖုတ်ကောင်တွေရှိတဲ့ တောရိုင်းထဲတွင် အချိန်အတော်ကြာ နေခဲ့သည်။

သူသည်အရင်ဘဝမှာ တစ်ယောက်ထဲနေခဲ့ပြီး အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသော်လည်း တခြားလူတွေနဲ့ မပေါင်းသင်းပဲ သူ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ နေခဲ့တယ်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now