စစ်ဟွိုင်ရှီးသည် အသာ ချောင်းဟမ့်လိုက်ပြီး စိတ်ကို ပြန်ထိန်းလိုက်ကာ...

"ဖေးကော ကုတင်တစ်လုံးပဲ ရှိတယ်.. ဒီနေ့ အစ်ကိုက ဧည့်သည်ပဲလေ အဲ့မှာအိပ်ပါ  ဒီည ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ အိပ်လိုက်ပါ့မယ်.."

မူလပိုင်ရှင်မှာ ပိုက်ဆံအလုံအလောက်မရှိသဖြင့် အခန်းတစ်ခန်းနှင့် ဧည့်ခန်း တစ်ခန်းသာ ငှားနိုင်ခဲ့ပြီး ဖေးကျောက်ကျိုးသည် တစ်ခန်းတည်းသော အိပ်ရာမှာ အိပ်နေသောကြောင့် စစ်ဟွိုင်ရှီးက ဆိုဖာပေါ်တွင် တစ်ညနေဖို့ လုပ်လိုက်သည်။

ဖေးကျောက်ကျိုး သည် မကျေနပ်မှုဖြင့် မျက်စောင်းထိုးကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဆဲဖြစ်ပြီး နောက်ဆုံးတော့ Omegaတွေရဲ့ ခံစားချက်ကို နားလည်သွားခဲ့သလိုပင်။

ကံကောင်းထောက်မစွာဖြင့် သူသည် ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်းတွင် ရှိနေသေးသည်။ ဒီအတိုင်းဆက်သွားရင် သူတကယ်ပဲ ဆရာဝန်ဆီသွားရလိမ့်မယ်။

ဖေးကျောက်ကျိုး သည် စစ်ဟွိုင်ရှီးရဲ့အနံကို ကလေးအတွက် ဘယ်လောက် ဖြည့်စွက်ရမည်ကို မသိဘူး။ စစ်ဟွိုင်ရှီးသည် Beta ဖြစ် သောကြောင့် pheromone အနံကိုမရနိုင်ပဲ အတော်လေးနည်းနေပြီး သူနှင့် နီးကပ်လာမှသာ အနံ့ခံနိုင်မည်ဖြစ်သည်။

သို့သော် စစ်ဟွိုင်ရှီးရဲ့ အနံကနည်းပါးနေသောကြောင့် သန္ဓေသားဖွံ့ဖြိုးမှုအတွက် ပိုမိုရင်းနှီးသော အထိအတွေ့များ ရှိရမည် ဖြစ်သည်။
(T/N- ပုံမှန်ဆိုရင် Alpha နဲ့ omega တွေက pheromone အနံရှိတာကြောင့် ဒီအတိုင်းထုတ်လွင့်တာနဲ့တင်အနံကရပေ့မယ့် စစ်ဟွိုင်ရှီးက Beta ဖြစ်တာကြောင့် အရမ်းနီးနီးကပ်ကပ်နေမှသာ သူ့ဆီက ကိုယ်သင်းနံလေး ရနိုင်တာပေါ့..အဲလို...)

ဒါကိုတွေးပြီး ဖေးကျောက်ကျိုး ရဲ့မျက်လုံးတွေက ရှက်ရွံ့ရှက်စိတ်တွေနဲ့တောက်ပနေတယ်။

ဒေါသတကြီးဖြင့် သူ့ဗိုက်ကို ငုံ့ကြည့်လိုက်တော့ သူ့အဖေနဲ့ ဘယ်လိုဆွယ်သွယ်ရမလဲဆိုတာ မသိတဲ့ ပဲသီးလေးတစ်စိ ရှိနေတယ်။ ဖေးကျောက်ကျိုးက သူ့ကို ပဲသီးလေးလို့ ခေါ်ဖို့ ဆုံးဖြတ်ခဲ့သည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Onde histórias criam vida. Descubra agora