Part (3)🤡

Beginne am Anfang
                                    

"ကား အင်ဂျင်ရပ်သွားတာ ဆိုင်ပို့မှ ရလိမ့်မယ်"

Mrs Parkက ပတ်ဝန်းကိုကြည့်ကာ သက်ပြင်းလေးဖွဖွချလိုက်သည်။

နေကလည်း မှေါင်နေပြီ...သူတို့ရဲ့ မြိုနဲ့လည်း အတော်လေး အလှမ်းကွာသေးတာမို့...
ပတ်ဝန်းကျင်ကြည့်တော့ ရွာလေးတစ်ရွာဖြစ်ပုံရကာ ရှေ့ကို နည်းနည်းလောက်ဆက်လျောက်ရင် အိမ်တွေဆီက အကူအညီတောင်းနိုင်သည်။

ဒါပေမဲ့ အိမ်သေးသေးလေးတွေမို့ Mrs Park သက်ပြင်းချရပြန်သည်။

မွေးကတည်းက အိမ်ကြီးခြံကြီးတွေထဲမှာပဲ ကြီးပြင်းခဲ့ရတဲ့သူမအတွက် အိမ်သေးသေးလေးတွေဆို အမြင်က မသိပ်မကြည်...သူတို့နဲ့က အက်မှမအက်စပ်တာမလား..။

"သေချာလေး လုပ်ကြည့်ပါဦး ...
ကျမတို့ ဒီမှာတစ်ညအိပ်ဖို့က.."

"ကားက ဆိုင်ပို့မှပဲ ရတော့မှာပါ
ဟိုရှေ့မှာ ရွာလေးရှိနေတာပဲ
ကျနော် အကူအညီတောင်းပေးပါ့မယ်..
မမလေးတို့ ဘာအန္တာရာယ်မှ မကျရောက်စေရပါဘူး
ပြီးတော့..မြို့နဲ့လည်း တော်တော်လည်း ဝေးသေးတယ် မိုးကလည်း ချုပ်နေပြီမို့ ကားအငှါးခေါ်ရင်တောင်
ရမှာ မဟုတ်တော့ပါဘူး မမလေး.."

Driverဦးလေးကြီးရဲ့ အကြောင်းပြချက်တွေကလည်း သင့်နေတာမို့ ရှေ့ကအိမ်တွေဆီ အကူအညီတောင်းကာ တစ်ညတာ တည်းခိုဖို့ Mrs Parkလည်း သဘောတူရတော့သည်။

Mrs Parkက Jiminလက်ကို ဆွဲကာ Driver
ဦးလေးကြီးသွားရာနောက်ကို လိုက်သည်။

Jiminကတော့ Chemmyရုပ်လေးကို ပိုက်ကာ ဆူပုတ်ပုတ်နဲ့...။

"ဟို ဦးလေး ဦးလေးဟုတ်တယ်မလား"

နောက်ကနေ လှမ်းမေးလာသံကြောင့် Mrs Parkတို့ သားအမိအပါအဝင် ဒရိုင်ဘာ ဦးလေးကြီးလဲ ရပ်တန့်ကာ အနောက်က အမျိုးသမီးကို ရပ်ကြည့်သည်။

ထိုခပ်နွမ်းနွမ်း အဝတ်အစားတွေနဲ့ အမျိုးသမီးဟာ ဒရိုင်ဘာဦးလေးကြီးနားကို သွားကာ သေချာကြည့်လျက်..

"ဟုတ်ပါတယ်
ဦးလေး ကျမ ယုမ်းဆိုရီလေ...
မမှတ်မိဘူးလား."

"ဟမ် ယုမ်းဆိုရီ
ဘယ်လိုတွေ ..ဒီကိုဘယ်လိုရောက်နေတာတုန်း"

Anti-Joker ( So Hurt)Wo Geschichten leben. Entdecke jetzt