Part(4)🤡

87 9 2
                                    


အလောင်ကျွမ်းခံရမယ်လို့ ကံကြမ္မာက စာတန်းထိုးပေးလိုက်ပေမဲ့ မောင်က အလောင်ကျွမ်းမခံချင်ပါ။
မောင်လိုအပ်တာ လွတ်လပ်မှု၊အိမ်ကြီးရှင်ဆီက ရုန်းထွက်နိုင်ဖို့ကိုပဲ...။
တစ်ဖက်လူစိတ်ချမ်းသာဖို့ ကိုယ့်ဘဝကိုယ် မရုန်းမလှုပ်နိုင်အချုပ်ခံပြီး ပေးဆပ်ရအောင်လဲ မောင်က အဲ့လောက် မသနားတက်ပါ။

"ကျုပ် ခင်ဗျားနဲ့ တစ်သက်လုံးနေမှာ မဟုတ်ဘူး
အချိန်တန်ရင် ကျုပ်လမ်းကိုကျုပ်လျှောက်မှာပဲ"

ခုနကပြုံးနေတဲ့ အိမ်ကြီးရှင်အပြုံးတွေ ချက်ချင်းပျောက်ကွယ်သွားရသည်။
မောင်ဟာ အလျော့ပေးထားမှန်းသိလို့ အတင့်တွေရဲလာသည်။
သူမကြိုက်တဲ့ စကားတွေထဲမှာ မောင်က သူ့အနားကထွက်သွားမယ်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်နေတဲ့ အဖြေမျိုး...မောင်က မာနကြီးသလောက် သပ်ကိုအချိုးချရလဲ ခက်လွန်းတော့ အိမ်ကြီးရှင်မှာ တခါတခါ မောင့်လုပ်ရပ်တွေကိုမကြိုက်ခဲ့ပေမဲ့ မောင်နဲ့နီးစပ်နိုင်ဖို့ တစ်ထစ်လျော့ကာ နေခဲ့ရတာတွေလဲ များခဲ့သည်။

ဒါနဲ့များ မောင့်ကိုပိုင်ပါတယ်လို့ ဘယ်ကယုံကြည်မှုနဲ့ အမေ့ကိုပြောခဲ့မိသည်မသိ...။

အရင်က အကြီးအကျယ်တွေပြသနာတက်တုန်းကတောင် မောင်ဟာသူ့ကိုထားခဲ့ဖို့ မပြောဖူးပါ။
မောင်သူ့ကို မချစ်တာလဲ သိတယ်..။နှလုံးသား​တွေရဲ့ တောင့်တမှုတွေကို တစ်ဘက်ကမ်းလွန်အောင် အလိုလိုက်မိရင် ဦးနှောက်ဆိုတဲ့ အသိတရားဟာ ချောင်ကိုရောက်သွားတက်တာကို မောင်နဲ့မှ လက်ခံရတော့မည်။

ခင်ဗျားတို့မသိပေမဲ့ ဒီအထိရောက်အောင်ကို သူဟာနှလုံးသားကိုပဲ သုံးခဲ့တာ...။သွေးမထွက်ပေမဲ့ မောင်ပေးတဲ့ဒဏ်ရာတွေက နှလုံးသားတစ်ခုလုံး
ထိရာ ရှရာတွေနဲ့...၊

"အင်းး
အခုလဲ မင်းလမ်းကို မင်းခြေနဲ့လျှောက်နေတာပဲ
ငါကူလျှောက်ပေးနေရတာမှ မဟုတ်တာ
ပြသနာမဖြစ်ချင်ဘူး Jungkook
ငါဒီနေ့ စိတ်ကြည်နေတယ်
မင်းကိုမို့ ခွင့်လွှတ်ပေးတယ်ဆိုတိုင်း
ရောက်တက်မလာနဲ့
ကိုယ့်အဆင့်ကိုယ်သိ"

မထီမဲ့မြင်ဆက်ဆံခံရတာ ကိုယ့်ကိုအမှုန်အမွှားလေးလိုရှိတယ်လို့ မထင်ခံရသော ဥပေက္ခာပြုမှုတွေမှာ ဒီအိမ်ကြီးရှင်က ထိပ်ဆုံးကဖြစ်လိမ့်မည်။
နှခမ်းဖူးဖူးတစ်စုံက စွဲလမ်းစရာကောင်းသလောက် ထွက်သမျှစကားတွေက ဓားထက်ထက်နဲ့ ထိုးနက်တာထက် နာရသည်။

Anti-Joker ( So Hurt)Hikayelerin yaşadığı yer. Şimdi keşfedin