"သားငယ်လေး "

"ဗျာ မားမား"

"သားအမပြန်ရောက်နေပြီ "

"ဗျာ "

"ဒါပေမယ့် ကလေးပေးပြီးထွက်သွားတယ်သားငယ်ရယ် "

"ဟင် "

"ဟုတ်တယ် သူ့ယောကျာ်းနဲ့ကွဲလာတာ အခု မင်းအကိုနဲ့ပါးကလိုက်ရှာပေးမယ့်မတွေ့သေးဘူး မြေးလေးကိုသနားလိုက်တာ မားမကောင်းလို့ဖြစ်ရတာ မားကသေချာသားသမီးတွေကိုဂရုမစိုက်မိလို့ "

"မားမား မဟုတ်ပါဘူ မားမားအပြစ်မဟုတ်ဘူး
မငိုနဲ့နော် မမကိုပြန်တွေ့မှာပါ "

"မားစိတ်ညစ်လိုက်တာသားငယ်ရယ် သားငယ်‌ကတော့မားတို့ကိုဒီလိုမျိုးမလုပ်ရဘူးနောကြားလား"

"သားမလုပ်ပါဘူးမားမား တူလေးရောဟင်"

"အိပ်နေတယ် မင်းအကိုကြီးအခန်းထဲမှာ "

"သားသွားကြည့်ဦးမယ် မားမားမငိုနဲ့တော့နော် "

"အင်း ပါ "

မားကိုထားခဲ့ပြီးအပေါ်ထပ်က ကိုကြီးအခန်းထဲကိုလာခဲ့တယ် တံခါးဖွင့်တော့တွေ့ပါပြီ စောင်ပုံထဲကကလေးငယ်လေး တစ်နည်းသူ့တူးလေး ကလေးငယ်လေး အိပ်နေတာဖြူစင်လိုက်တာ

ကလေးလေးကိုသောင်သေချာပြန်ခြုံပေးကာအပြင်ပြန်ထွက်လာလိုက်သည် ရိပေါ်ပြန်ထွက်လာ‌တော့ခြံထဲမှာကားရပ်သံကြားလိုက်သည်

"ဒုန်း !!!!!တောက် "

"တွေ့ခဲ့လား ဟင်း သား မင်းမမကော "

"ထွက်သွားပြီ မား သူ့သူငယ်ချင်းဆီက ငွေချေးပြီး လေယာဉ်နဲ့သွားပြီ သူမှာခဲ့တာက သူ့ကလေးကိုစောင့်ရှောက်ထားပေးပါ သူ့အဖေလာခေါ်ရင်မထည့်ပေးပါနဲ့တဲ့ကွာရှင်းမှာမို့ကလေးကိုသာစောင့်ရှောက်ပေးပါတဲ့ ဟိုမှာအဆင်ပြေရင်ပိုက်ဆံ လွှဲမယ်တဲ့ကလေးစရိတ် "

"ဘုရား ဘုရားး "

"မားမား "

"ငါတို့အပေါ်ရက်စက်က်လိုက်လေခြင်းအေ ကလေးကငယ်သေးတယ်ဘယ်လိုလုပ်မလဲ "

"မားမား သားတို့မွေးမှာပေါ့သားတို့တူလေးပဲဟာ နော် မမက‌ပြန်လာမှာပါ ပါးပါးလဲစိတ်လျော့တော့ "

Promise Où les histoires vivent. Découvrez maintenant