Jungkookတွေးတောခဲ့ခြင်းတွေမှာ အိမ်ကြီးရှင်ရဲ့ အချစ်တွေက အမြဲတမ်း မျက်နှာငယ်ရသည်...။

မောက်မာတယ်... အတ္တကြီးတယ်...တခါတလေ သွေးအေးအေးနဲ့ ရက်စက်တက်တယ်....
ဒါတွေကိုပဲ Jungkookသိသည်။
မြင်အောင်မကြည့်ခဲ့ဘူး...။မြင်နေရရင်တောင် မျက်စိမှိတ်ကာ တစ်ဖက်ကိုလွှဲပစ်လိုက်မှာ...။
ထိုမျှလောက် အိမ်ကြီးရှင်ကိုဆို သူသိပ်မုန်းခဲ့သည်။

ဒုန်း!!

ကားမောင်းနေရင်း ရှေ့က ဖြတ်ဝင်လာတဲ့ လူတစ်ယောက်ကြောင့် ကားကို ဘရိတ်အုပ်လိုက်ပေမဲ့ ထိမိသွားတယ်ဆိုတာ အသံက သက်သေ...။

ကားပေါ်က ဆင်းကာ သွားကြည့်တော့ လမ်းမပေါ် ထိုင်လျက်သားလေး လဲကျနေတဲ့ ကောင်လေးတစ်ယောက်...
သူကိုင်လာတဲ့ ကင်မရာလေးကလဲ သူရဲ့အဝေးမှာ အနည်းငယ် ကွဲအက်နေလျက်...။

"ရရဲ့လား.."

အနားသွားကာ ထူပေးတော့ ခြေခေါက်လျက်ပြန်လဲကျသွားတဲ့ ကိုယ်လေးကို ပွေ့ဖက်ထားမိလိုက်သည်။

ရုတ်တရက်အလွန်နီးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခုကြောင့် Jungkook ထိုကောင်လေးကို ကြည့်လိုက်မိတော့ ရင်ဘက်ထဲ အမည်မသိလှိုင်းလေးတွေ ဖြတ်ပြေးသွားရသည်။

မျက်တောင်ရှည်လေးတွေ... သိပ်ကို ထူးဆန်းလွန်းတဲ့ မျက်ဝန်းလေးတွေနဲ့ နှတံမြင့်မြင့်လေးတွေ.... အညို​ရောင် ဆံပင်​လေးတွေက ​လေထဲမှာ လွှင့်နေကာ သူတစ်ခါမှ မမြင်ဖူးခဲ့သော ကြွေရုပ်လေးမဟုတ်လား...။

ရင်ဘက်ထဲမှာ မျဉ်းတွေ ဖြတ်ပြေးနေသည်။ဦးတည်ရာတွေလဲ မရှိ.. ဦးတည်ချက်တွေလဲ မရှိဘဲ ကမောက်ကမနဲ့....။

နီးနီးကပ်ကပ်နဲ့ ပထမဆုံး စိုက်ကြည့်ဖူးသောမျက်နှာလေးက မျက်နှာမလွဲချင်စရာလေး...။

"စိုက်ကြည့်မနေနဲ့ ထူပေးအုန်း..!!"

မဖွဲ့နွှဲ့လောက်စရာ မျက်နှာလေးဆီက အသံသြသြလေးကြားမှ Jungkookသတိပြန်ဝင်လာကာ ထိုကောင်လေးရဲ့လက်တွေကို သူ့ပုခုံးပေါ်တင်ကာ တွဲလိုက်လျက်..

"ခြေထောက်က ထောက်လို့ရရဲ့လား
ဆေးရုံသွားရမယ်ထင်တယ်"

"သွားရမှာ မဟုတ်ဘူး သွားသင့်တာ
ဘယ်နဲ့... ခြေထောက်ကျိုးသွားပြီလား မသိဘူး"

Anti-Joker ( So Hurt)Donde viven las historias. Descúbrelo ahora