အခန်း (၉)

91 10 0
                                    

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်

ဘာသာပြန် - ထွန်းလင်းအောင်

သမက်အိမ်ပေါ်ရောက်နေချိန် ယောက္ခထီး မိုးပေါ်မှ ရောက်ချလာ၏

ကျီချင်းရန် မျက်နှာ လုံး၀ မည်းမှောင်သွား၏။

ကိုယ်စီးတဲ့ တက္ကစီကို ပိုက်ဆံပေးရမှာက ပုံမှန်ဆိုပေမယ့် အဲ့လောက်ထိတော့ လေးနက်နေဖို့ မလိုဘူးမလား......

S ပုံစံ ထိုင်ထလုပ်ရမည်မှာ ရှက်ဖို့ကောင်းသော်လည်း ထိုအရာက အခြားအချက်တစ်ခုပင်။

"ဒီလောက် ငွေလေးက နင့်ကားဆီဖိုးတောင် မရှိတာကို ဘာလို့ အဲ့လောက် ဂရုစိုက်နေတာလဲ..."

"ရေစက်လေးတွေ စုလာရင် ပင်လယ်ကြီးတောင် ဖြစ်လာသေးတာပဲ..ကျုပ်လည်း ကျုံးဟိုင်မှာ အိမ် ၀ယ်ဖို့ ပိုက်ဆံ စုရဦးမယ်လေ..."

ကျီချင်းရန် အားရပါးရ ရယ်လိုက်သည်။

"နင်က ပန်ဂနီတောင် မောင်းနေပြီးတော့မှ အိမ်မရှိဘူးလို့ ပြောရင် ဘယ်သူက ယုံနိုင်မှာလဲ..."

ကျီချင်းရန် ထိုသို့ ပြောလိုက်ရင်း တက္ကစီခ ပေးလိုက်သည်။

လင်းရီ ကိုယ့်ကိုယ်ကို သက်ပြင်းချလိုက်ပြီး...ငါက
တကယ့်ကို ငွေသား ၆၀ မီလီယမ် လောက်ပဲ ရှိတဲ့ ငမွဲလေးပါကွာ......

နှစ်ယောက်သား ကားပေါ်မှ ဆင်းပြီးနောက် အိမ်ထဲသို့ ရှေ့ဆင့်နောက်ဆင့် ၀င်လိုက်ကြသည်။

ဗီလာ၏ အခန်းဖွဲ့စည်းပုံမှာ သိပ်ပြီး မကြီးမားပေ။ စုစုပေါင်း ၄၀၀ စတုန်းရန် မီတာ ခန့်သာရှိပြီး ခေတ်မီ ရိုးရှင်းသော ဒီဇိုင်းများဖြင့် အခန်းများကို အလှဆင်ထား၏။

ထို့အပြင် စံပယ်ရနံ့များလည်း ဗီလာထဲတွင် သင်းပျံနေသည်။

"နင်ဘာသောက်မလဲ...ကော်ဖီလား..လက်ဖက်ရည်လား..."

"လည်ချောင်းစိုအောင် လက်ဖက်ရည်ပဲ သောက်မယ်..."လင်းရီ တရားလွန် ယဉ်ကျေးပြပြီးတော့ ‌စိတ်နှောက်ယှက် ဖြစ်ခံမနေတော့ချေ။

မကြာမီ ကျီချင်းရန် လက်ဖက်ရည် တစ်အိုး နှပ်ပြီး လင်းရီကို ကမ်းပေးလိုက်သည်။

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်Onde histórias criam vida. Descubra agora