မိုးခိုစရာ နေရာအတိအကျမရှိ၍ သူများဆိုင်ခန်းလေးဘေးပြေးဝင်ကာ စာအုပ်ကို ရင်ဘတ်ထဲမှာ ကျစ်ကျစ်ပါအောင် ပိုက်ထားရတယ်။ဒီစာအုပ်က ဖတ်တောင် မဖတ်ရသေးဘူး။ Chanyeolကို အာကာသအကြောင်းတွေပြောပြရင်း အတူဖတ်မယ်ဆိုပြီး ယူလာခဲ့တဲ့စာအုပ်ဖြစ်တယ်။

မိုးက တော်တော်နှင့် မတိတ်သည့်အပြင် လေကြမ်းတိုက်၍ Kyungsoo တစ်ကိုယ်လုံးဟာ ရေတွေဖြင့် စိုရွဲလို့လာတယ်။သို့သော် ပေတေပြီး ထိုနေရာမှာ ရပ်နေဆဲ။ဆိုင်ခန်းသာ မပိတ်ထားလျှင် အထဲဝင်ပြီးမိုးခိုလို့ရတယ်ဆိုပေမယ့် အခုတော့ မိုးရေထဲမှာ ရပ်နေသလိုပင်။တစ်ကိုယ်လုံးတုန်ရီကာ ချမ်းလာတယ်။

မိုးရွာထဲပြေးသွားဖို့ သတ္တိမရှိလေတော့ ဆိုင်နံရံဆီ ပိုမိုတိုးကပ်မိတယ်။တစ်ခြားကလေးတွေနှင့် မတူဘဲ မိုးသည်းလာလျှင် ကြောက်အားကြီးပြီးငိုတတ်သည့်အကျင့်ကြောင့် Chanyeolဆီက အမြဲအပြောခံရတယ်။မင်းက ပျင်းစရာကောင်းပြီးကြောက်တတ်တဲ့ကလေးတဲ့လေ။

တကယ်လည်း ဟုတ်တယ်။သူမှာ သူများတွေလို ပျော်ရွင်မှုကို ခံစားတတ်တဲ့နှလုံးသားမပါလာဘူး။အမြဲတမ်း အာကာသစာအုပ်တွေ ဖတ်ပြီး ပတ်ဝန်းကျင်ကို လျစ်လျူရှုထားတတ်တယ်။
အဲ့လိုလူတစ်ယောက်ကို Chanyeolက ဘယ်လိုလုပ်ပြီး သူငယ်ချင်းလုပ်ချင်မလဲ။

« Kyungsoo !!! »

ခပ်ကျယ်ကျယ်အော်ပြီး Kyungsoo ဆီ အပြေးသွားလိုက်တယ်။ပြန်သွားတာ တစ်နာရီကျော်နေပြီ။ အခုထိ ဒီနားမှာ ရှိနေတုန်းပဲလား။

« ထ »

ဆွဲထူလိုက်တော့ Kyungsoo က သူ့လက်တွေကြားထဲပါလာပြီး အရောင်လဲ့နေသောမျက်လုံးတွေဖြင့် ကြည့်လာတယ်။အရူးကောင်။အမြဲတမ်း စိတ်ပူရအောင်လုပ်တယ်။

«ငါ ကြောက်တယ် Chanyeol »

ပြောရင်း ရင်ခွင်ထဲ ဝင်လာသည့်ကိုယ်လုံးလေးကို ဖက်ထားပေးလိုက်တယ်။သို့သော် မိုးရေလာဆော့တဲ့ခန္ဓာကိုယ်က အဝတ်မကပ်သည့်အပြင် အေးစက်နေသည့်အတွက် ခိုက်ခိုက်တုန်အောင်ချမ်းနေသော Kyungsoo ကို ထင်သလောက်
အနွေးဓာတ်မပေးနိုင်ခဲ့ပါ။

« လာ။ ငါ အိမ်လိုက်ပို့ပေးမယ် »

Kyungsoo လက်ကို ဆွဲပြီး မိုးရေထဲ ပြေးထွက်ခဲ့လာခဲ့တယ်။အကြောက်သန်တဲ့‌ Kyungsoo ကတော့ မိုးသည်းလာသည့်နှင့်သမျှ ငိုမဲ့မဲ့မျက်နှာလေးနှင့်။မငိုမိအောင် ထိန်းချုပ်ထားသည့်အတွက် KyungSoo မျက်နှာလေးက ရဲတတ်နေပြီး မိုးစက်တွေ‌နှင့်အပြိုင် လှပနေခဲ့တယ်။

FOREVER ONLY Where stories live. Discover now