အပိုင်း(၃၀)uni & zg

Start from the beginning
                                    

"ဟို အကိုက ငါတို့သူ့ရဲ့ တိုက်ကိစ္စအတွက်
ကျေးဇူးတင်တဲ့အနေနဲ့ dinner ကျွေးမလို့တဲ့ အဲတာ မင်းကိုပါ ဖိတ်ခိုင်းလိုက်တယ်
မင်းလိုက်ချင်လား "

"ဘာလို့လဲ မင်းကငါ့ကို မလိုက်စေချင်လို့လား "

"မဟုတ်ပါဘူး အဲလိုပွဲတွေ မင်းကမကြိုက်လို့ စိတ်ကျဉ်းကြပ်နေမှာစိုးလို့ပါ မလိုက်ချင်လဲအားနာစရာမရှိဘူး "

"ရတယ် ငါလိုက်ခဲ့မယ် "

ဟိန်းရဲ့အကြည့်တွေက တစ်ခုခုကို စိုးရိမ်နေတဲ့ပုံရနေသည်။ ဒီအတောအတွင်း သူအကို့ဆီရောက် နေတဲ့ စိတ်တွေကို ဟိန်းရှေ့မှာဆိုရအောင်ထိန်းချူပ်ခဲ့ပါသည်။ ဟိန်းရိပ်မိနေတာများလား ဒီအကြည့်တွေက တစ်ခုခုကို ကြိုသိနေသလို
စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေ။

"ဟိန်း ဘာတွေတွေးနေတာလဲ ငါ့ကိုတစ်ခုခုပြော
ချင်တာရှိလို့လား "

"ဟင့်အင်း မရှိပါဘူး အိပ်ကြရအောင်လေ
ငါအိပ်ချင်ပြီ "

"....."

ဒီနေ့လဲ အတွေးကိုယ်စီနဲ့ လူနှစ်ယောက်ရဲ့ အခန်းလေးဟာ အရင်လိုရယ်သံများပျောက်
ကင်းနေခဲ့ပြီး တိတ်ဆိတ်မှုတွေသာ ကြီးစိုးနေရ
ပြန်သည်။

*******🌸🌸🌸🌸********

Starry Bar ၏ အပြင်ဘက်ဝိုင်းရှိခုံရှည်တွင်
ခန့်မှူးလွင် ၊ လေပြေသွေး နှင့် ထိုက်ဘုန်းရှိန်တို့က ၁ဖက် ဟိန်းထက်နှင့်စိုင်းခက်လျှံ တို့က ၁ဖက် မျက်နှာချင်းဆိုင်အနေအထားတွင် နေရာယူထားကြသည်။စားပွဲတွင် tiger beer 1 tower နှင့် shishar 1အိုး ၊ စားသောက်ဖွယ်ရာများအစုံ
အလင်ဖြင့် စားပွဲတွင်ပြည့်နေသည် ။

"ကဲအာလုံး cheer one shotနော် မကုန်ရင် ၂ခွက်
ပြန်သောက်ရမယ်"

ခန့်မှူးလွင်မှ စတင်၍ တက်ကြွစွာ ပြောလေသ
ဖြင့် ကျန် ၄ ယောက်လဲ ခွက်ချင်းတိုက်ကာမော့လိုက်ကြသည်။

အဟွတ်အဟွတ် " လေပြေသွေး နှင့် ဟိန်းဆီမှ
သံပြိုင်ထွက်လာသည်။ လေပြေသွေးဆို သီးသွားသဖြင့် မျက်ရည်များပင်ဝဲလာတော့တယ် ။ ဟိန်း မှာလဲ သောက်လေ့သောက်ထမရှိသဖြင့် မျက်နှာပင်ရဲသွားလေသည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now