အပိုင်း(၂၉)uni & zg

Start from the beginning
                                    

ပထမတစ်ကြိမ် ဝင်ပေမဲ့ မကိုင် ...
ဒုတိယတစ်ကြိမ် ၄ ခါလောက်ဖုန်းဝင်ပြီးမှ...

"ဟယ်လို"

တစ်ဖက်မှအာလေးလျှာလေးဖြင့်ထူးလာသည်။

"ဟင် အကို့အသံက ဘာလဲအရက်တွေသောက်နေတာလား ဒီချိန်ကြီးကိုလေ "

"အင်းနည်းနည်းပါ ၊ ပြောစရာရှိလို့လား "

"အင်း အကိုဘာလို့ ဖုန်းမကိုင်တာလဲဟင် ၊
စာလဲမပြန်ဘူး"

"ကိုယ်မအားလို့ပါ "

"မလိမ်ပါနဲ့အကိုရယ် စာပြန်ဖို့မအားလောက်
အောင်ထိတော့ မဟုတ်ပါဘူး ပွင့်ပွင့်လင်းလင်း
ကျွန်တော့်ကိုပြောပါ "

"ကိုယ်က ဘာကိုပြောရမှာလဲ "

"စကားကို ပတ်မပြောပါနဲ့ဗျာ ကျွန်တော်တို့
ဆက်ဆံရေးက အရင်ကဒီလိုမှမဟုတ်တာ "

"ဟူးး အရင်က ဒီလိုမဟုတ်ပေမဲ့ ခုဒီလိုပဲဖြစ်
သင့်တယ် ကိုယ်ထင်လို့ပါ ၊ မင်းအနားမှာကိုယ် ဆက် နေရင် ခံစားချက်တွေကို ရပ်တန့်ပစ်ဖို့ခက် တယ် ၊ ကိုယ့်အတွက်အချိန်လိုတယ် စိုင်းခက် မင်းမှာလဲ ဟိန်းရှိနေတာပဲ သူ့ကိုပဲအချိန်ပေး
လိုက်ပါ ခုလိုဖုန်းဆက်နေတာတောင်မသင့်တော်ဘူးလေ၊ စာမပြန်တာကလဲ ဟိန်းသိရင်
မင်းတို့ပြသာနာတက်မှာစိုးလို့ "

ထိုက်ရဲ့စကားသံတွေကို ခံနိုင်ရည်မရှိတော့ တစ်ဆစ်ဆစ်နာကျင်လာရသည်။ အကိုပြောတာဖြစ်သင့်ပါတယ် ၊ ဒါပေမဲ့ သူခုလိုမလုပ်နိုင်။

"ဘာဆိုင်လို့လဲအကိုရာ ကျွန်တော့်တို့ ဒီတိုင်း
မိတ်ဆွေတွေလိုဆက်နေ ".....

စိုင်းခက်စကားမဆုံးလိုက်တစ်ဖက်မှ ဒေါသ
သံဖြင့်

"ကိုယ်မနေနိုင်ဘူးစိုင်းခက် "

ပီးမှလေသံလျော့ကာ

"တော်ပါတော့စိုင်းခက်ရယ် ကိုယ်တောင်းပန်ပါ
တယ် ကိုယ်ထပ်မခံစားချင်တော့ဘူး မင်းအဆင် ပြေအောင်သာနေပါ မင်းပျော်နေရင် ကိုယ်
နာကျင်ခဲ့ရသမျှ လုံလောက်ပါတယ် "

"ဟို ကျွန်တော်ပြောချင်တာက ....."

"ကိုယ်ဖုန်းချလိုက်တော့မယ် "

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now