(2)

191 25 5
                                    

အရာအားလုံးစတင်ခဲ့တာအလယ်တန်းပထမနှစ်။ မှတ်မှတ်ရရ အဲ့နေ့ကဘောမ်ဂယူရဲ့မွေးနေ့ဖြစ်ခဲ့တယ်။ မွေးနေ့ကိုရောက်ဖို့အရမ်းမျှော်လင့်ခဲ့ရပေမဲ့ တကယ်တမ်း ရောက်လာတဲ့အခါမှာတော့သူ့အတွက်ပျော်စရာမရှိခဲ့ပါဘူး။

သားဖြစ်သူရဲ့မွေးနေ့ကိုအမှတ်တရမရှိပေးတဲ့မိဘတွေက အလုပ်ကိစ္စကြောင့်ခရီးထွက်ရမယ်ဆိုပြီးတစ်ယောက်တစ်နေရာစီရှိနေတဲ့အပြင် သူ့ကိုလှမ်းပြီးတောင်အဆက်အသွယ်လေးမလုပ်ခဲ့ပေ။

အိမ်အကူတွေနဲ့ပဲနေခဲ့ရတဲ့ဘောမ်ဂယူကထိုကိစ္စနဲ့ပတ်သက်ပြီးအတော်လေးဝမ်းနည်းခဲ့ရတယ်။ မိသားစုဝင်တွေရှိမနေတဲ့အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အဖြစ်ကိုတွေးမိတော့ ဘယ်သူ့မှအသိမပေးပဲအိမ်ကနေထွက်လာခဲ့သည်။

ခြေဦးတည့်ရာကိုလျှောက်သွားနေတဲ့ဘောမ်ဂယူ့မှာဝမ်းနည်းစိတ်ကသာကြီးစိုးလို့နေသည်။ သူပျောက်သွားတာကိုသိတာနဲ့ အိမ်အကူတွေလိုက်ရှာလိမ့်မယ်ဆိုတာသိတော့ မပြန်ချင်တဲ့သူကပုန်းလို့ရမဲ့နေရာတစ်ခုကိုရှာခဲ့တယ်။

တစ်လမ်းဝင်တစ်လမ်းထွက်ပြီး နောက်ဆုံးသူ့အိမ်နဲ့အနည်းငယ်လှမ်းတဲ့နေရာရောက်မှသာ မသုံးတာကြာလောက်ပြီဖြစ်တဲ့အဆောက်အဦးတစ်ခုကိုတွေ့လိုက်ရသည်။

ပတ်ဝန်းကျင်ကလည်းနေ့ဘက်ပင်မဲ့တိတ်ဆိတ်လို့နေသည်။ ဒါပေမဲ့လည်း ဘောမ်ဂယူမကြောက်မိ။ အဲ့အစား ပုန်းလို့ရနိုင်တဲ့နေရာတစ်ခုကိုတွေ့တဲ့အတွက် ပျော်လို့တောင်နေခဲ့သည်။

သူ့ခြေလှမ်းတွေကိုတုန့်နှေးခြင်းမရှိပဲ အဆောက်အဦးထဲသို့ဦးတည်စေလိုက်တယ်။ မသုံးတော့တာကြာလောက်ပြီလို့ထင်တဲ့အတိုင်း ဝင်လိုက်တဲ့အခါ ဖုန်တွေနဲ့စီးကြိုလို့နေခဲ့တယ်။ ကြမ်းပြင်မှာလည်းအမှိုက်အချို့နဲ့ဖန်ကွဲစအချို့ကနေရာယူလို့ထားခဲ့သည်။

မထိခိုက်စေဖို့ ဖန်ကွဲစတွေကိုရှောင်ရှားပြီး ထောင့်ကလေးမှာဒူးလေးနှစ်ဖက်ထောင်ရင်းဖြင့်ထိုင်နေလိုက်သည်။ ကွဲအက်နေတဲ့ပြတင်းပေါက်မှန်ကနေ တိမ်ကင်းစင်ပြီးကြည်ပြာနေသောကောင်းကင်ကိုမြင်နေရသည့်အတွက် ငေးမောရင်းဖြင့် ထိုင်နေခဲ့သည်မှာအချိန်အတော်အကြာ။

𝑳𝒐𝒗𝒆 𝒑𝒐𝒆𝒎Where stories live. Discover now