5(Unicode)

108 3 0
                                    

သည်နေ့ရာသီဥတု အရမ်းသာယာနေသည်။

ကိုကိုမောင်နှင့်နွေနှောင်း ပုဂံဘုရားအိုများအလယ်တွင် လက်ချင်းချိတ်ကာ လမ်းလျှောက်နေလေသည်။

ဧကန္တ ရာသီဥတုမှာ သူတို့(၂) ဦးဘက်တွင်ပါပုံရသည်။

"နှောင်း..."

ကိုကိုမောင်က ဖြည်းညှင်းစွာခေါ်လိုက်လေသည်။

"အင်း..ပြောလေမောင်.."

နွေနှောင်းကလည်း လုပ်ယူပြောသည့်ဟန်မဟုတ်။
ပင်ကိုယ် ညင်သာသောအသံလေးနှင့် ပြောလိုက်‌သည်။

"မောင်တို့ ပုဂံဘုရားတွေနဲ့အတူ ဓာတ်ပုံတွဲမရိုက်ဖူးသေးဘူးနော်."

"ဟုတ်သားပဲ...ပုဂံဘုရားနဲ့တင်မဟုတ်ဘူး (၂) ယောက်အတူတွဲရိုက်ထားတဲ့ပုံကိုမရှိသေးတာပါ"

နွေနှောင်းက နှုတ်ခမ်းလေးစူကာပြောလိုက်သည်။

"ဒါဆို မောင်တို့ အင်္ကျီသွားဝယ်ကြမလား"

"ဘာလုပ်ဖို့"

"နှောင်းနဲ့ အင်္ကျီဆင်တူလေးဝတ်ပြီး ဓာတ်ပုံတွဲရိုက်ချင်လို့ပေါ့.."

ကိုကိုမောင်မှာ သူ၏ချစ်မဝသော နွေနှောင်း၏ မျက်နှာမှ ပါးဖောင်းဖောင်းလေးအား လက်ဖြင့် ဖျစ်ညှစ်ရင်း ပြောလိုက်လေသည်။

"ရိုးရိုးရိုက်လည်းရပါတယ်မောင်ရဲ့..."

"မသိဘူးကွာ..နှောင်းနဲ့ဆင်တူလေးဝတ်ပြီး ဓာတ်ပုံအတူတွဲရိုက်ချင်တာ မောင့်ရဲ့အိပ်မက်လေးပဲ"

ကိုကိုမောင်မှာ ‌သူနှင့်မလိုက်ဖက်စွာ နွေနှောင်းအား ချွဲကာပြောလိုက်သောကြောင့် နွေနှောင်းရယ်မိလိုက်လေတော့သည်။

ဒီလိုနှင့် နှစ်ဦးသား ပြုပြင်‌နေဆဲဖြစ်သည့်မဏိစည်သူဈေး ဘေးမှ မြေကွက်လပ်တွင် ယာယီဖွင့်ထားသောဈေး (ယခု- ဘုန်းဇင်ဈေး) သို့ အငှားကားစီး၍ ရောက်လာကြလေသည်။

ဈေးထဲတွင် အင်္ကျီဆိုင်ရှာကာ လှည့်လည်ကြည့်ရှုနေရင်း ဆိုင်ခန်းတစ်ခုရှေ့သို့ ရောက်သောအခါ ကိုကိုမောင် ရပ်လိုက်သည်။

"မောင် ဘာဖြစ်လို့လဲ.."

နွေနှောင်းက ကိုကိုမောင့်လက်မောင်းကို ဆွဲ၍ မေးလိုက်သည်။

အိုဘယ့်...ရွှေညာမြေ (S-1)Tahanan ng mga kuwento. Tumuklas ngayon