[I don't completely own this story. It is inspired from a fiction which stucks on my mind for almost a decade. This is not me writing, my inner demon is. :3 ]
ရှင်းဂျယ်ယွန်းက သိပ်ယဥ်ကျေးတဲ့ကောင်လေး မဟုတ်ဘူး။
သူက တစ်ညနေလုံး လူရိုက်ဖို့အကြောင်းတွေကို လျှာကိုပါးစောင်မှာထိုးပြီး အရသာခံပြောနေတယ်။ သူကြည့်မရတဲ့လူတွေကအများသား ဟိုဘက်ကျောင်းက တစ်အုပ်လုံးပဲ။ အကြောင်းပြချက်က သူ့ရဲ့ မုန့်ဖိုးစုပြီး ဝယ်ထားရတဲ့ ဆိုင်ကယ်ကို လှောင်သွားကြလို့။ ပြီးမှသူက ခပ်ထေ့ထေ့ပြောသေးတယ် Davidsonကို မမြင်ဖူးတဲ့ တောသားတွေတဲ့။ ဆောင်းဟွန်းမှာ အဲ့ဒီလိုဂျယ်ယွန်းကိုကြည့်ပြီး ရယ်လိုက်ရတာ။ အင်း... ဒီလောက်ဈေးကြီးတဲ့ဆိုင်ကယ်ကိုမှနော်။
ပြီးတော့ သူက ပန်းကန်ထဲ နို့အရင်ထည့်ပြီးမှ cerealထည့်တဲ့ကောင်။ တကယ့် ဆိုက်ကိုပါ့သ်။ brandဖိနပ်တွေကို အရူးအမူးစွဲလမ်းနေတတ်ပြီး ကို့ယို့ကားယားတွေဝတ်ရတာကြိုက်တယ်။ denim jeansကိုပဲ အရောင်တူ အထည်ငါးဆယ်လောက်ဝယ်ထားတတ်ပြီး သူ့ဘီရိုထဲမှာ baggy jeansတွေချည်းပဲ။ ပြီးတော့ သူက ကလေးကုလားဂိမ်းတွေလဲ ဆော့သေးတယ်။ မယုံမရှိနဲ့ တကယ့်ကလေးကုလားတွေ။ ဘေးအိမ်ကကလေးက PS5ကိုင်နေချိန်မှာ သူကအခုမှ အသီးထိုင်ခွဲနေတုံး။
ရတဲ့မုန့်ဖိုးထက်ပိုသုံးတတ်ပြီး ချေးတဲ့ပိုက်ဆံ ဘယ်တော့မှပြန်မဆပ်တတ်ဘူး။ ဒါက သူ့ကိုမို့လို့လဲနေမှာ။ စာလဲဘယ်တော့မှမကျက်ဘူး။ အချိန်တန်ရင်ကျ သူ့ဆီပြေးလာပြီး အိမ်စာတွေ လာကူးတတ်သေးတယ်။ စာမေးပွဲမှာလဲ သူရှိနေသ၍ မအောင်မှာမပူရတာမို့ ရှင်းမ်ဂျယ်ယွန်းဟာ သာမန်ထက်ပိုပြီး ကမ်းတက်နေတယ်။
သူ့အမေစကားနားမထောင်ဘူး။ အစားကို ဘယ်တော့မှ သေချာမစားဘူး။ သွားရေစာတွေကြိုက်တယ်။ ခဏခဏဖျားတယ်။ အရာအားလုံးကို အလေးမထားပဲ လွယ်လွယ်ကူကူမေ့ပစ်တယ်။ သူ့ကိုခဏခဏစိတ်ကောက်ပြီး စိတ်ပြေတဲ့အထိလဲ အချော့ခံချင်တယ်။
မကောင်းတဲ့အကျင့်တွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ နှစ်ယောက်မရှိနိုင်တဲ့ သူငယ်ချင်းပါ။
Bow tieတွေကိုမုန်းတယ်။ စီးပွားရေး ပါတီတွေကိုမုန်းတယ်။ ဟန်ဆောင်တာတွေကိုမုန်းတယ်။ သူ့ကိုလိမ်တာကိုမုန်းတယ်။ ပြီးတော့ ပဲစေ့တွေကိုမုန်းတယ်။ သူ့ထမင်းဘူးထဲက ပဲစေ့တွေကို ကျွန်တော့်ကိုအတင်းစားခိုင်းတတ်တယ်။ ကျွန်တော့်ကို အရိုးထဲအထိ အနိုင်ယူတတ်တယ်။
YOU ARE READING
𝟭𝟰𝟯𝟳
FanfictionI will always honestly, truly, completely... (Inspired by a fiction which stucks on my mind for the whole decade)