Part 4(U+Z)

451 13 2
                                    

ဖြောင့်ဖြူးနေတဲ့ကတ္တရာလမ်းမပေါ်မှာ နက်စွေးနေသောကားတန်းတွေက ညီညီညာညာသွယ်တန်းလျက်။

ထိုကားတန်းတွေရောက်လာတာနဲ့တစ်ပြိုင်နက် လမ်းမ
ပေါ်မှာရှိနေတဲ့တခြားသောကားတွေဟာလည်း လမ်းဘေးသို့ချရပ်ပေး၏။

သွားရူပ်လို့မကောင်းတဲ့ထဲမှာ ထိုအနက်ရောင်ကားတန်းတွေပင်။ခရိုနီသားသမီးတွေကားလား၊မူးယစ်ရာဇာတွေရဲ့ကားတန်းလား၊ဘာလားသေချာမသိပေမဲ့ဒီလောက်ညီညီညာညာမောင်းနေတဲ့ကားတန်းကတော့အာဏာတစ်ခုခုရှိနေတဲ့အဖွဲ့စည်းကမှန်းသိသာ၏။

နောက်လေးစီး၊အလယ်၂စီး၊ရှေ့၁စီးဘေးမှာလည်းHelmet ကိုယ်စီနဲ့Bikerသမားတွေကလည်းဘယ်ညာရှိလျက်။

ထိုBikerသမားနှစ်ယောက်က ဇိုင်ရမ် ရဲ့လက်ရွေးစင်သက်တော်စောင့်တွေပင်။

"ဒီနေ့လမ်းကြောကြိုမရှင်းထားဘူးလားမင်းတို့"

"အလောတကြီးဆိုတော့ မေ့သွားလို့ Boss ဟဲ"

သွားခါနီးလာခါနီးမို့ ပူညံပူညံမလုပ်ချင်လို့သာ။မဟုတ်ရင် ဒီကောင့်ခေါင်းပြတ်ပြီ။

"ကျွီ!!"

ကားဘရိတ်ဆောင့်အုတ်လိုက်တာမို့ ခန္ဓာကိုယ်ကရှေ့သို့ယိုင်တော့ယိုင်သွား၏။

"ဘာဖြစ်တာလဲ"

"ဒေါက်တာ ခွန်းစေ ကားနောက်ကနေပြေးလိုက်လာလို့ Boss  ကျွန်တော့်တို့ဆက်မောင်းရမလား။"

"ကားလော့ခ်ချထားတာဖွင့်ပေးလိုက်သူ၀င်လာလို့ရအောင်"

<<<<<<<<<<<<<
"ဖလယ်ရာ"

"အချစ် လွမ်းနေတာ ဒီက"

ပြောလည်းပြော ဇိုင်ရမ် ရင်ခွင်ထဲပြေး၀င်လာတဲ့ သူမဟာ မိန်းကလေးတန်မဲ့ပင် အရှက်ကြောက်ဆိုတာဘာမှန်းသိရဲ့လားပင်မသိ။

"ရွှတ် "
"ဟီး ဇိုင်ရမ် ကိုအရမ်းလွမ်းနေတာ ဖလယ်ရာ က"

"ဘယ်လိုဖြစ်နေတာလဲ နည်းနည်းလေးလည်းသတိထားဦး၊ငါကအိမ်ထောင်သည်ဆိုတာ မင်းခုလိုငါ့ကိုဖက်လိုက်လျက်လိုက်လုပ်နေတာမသင့်တော်ဘူး!"

"အာ ဇိုင်ရမ် ကလည်း ဖလယ်ရာ တို့ပြင်သစ်မှာဆိုအဲ့လိုနှုတ်ဆက်နေကြတာပဲလေ"

Dark side Where stories live. Discover now