လိပ်ပြာ နှောင်ကြိုး

Start from the beginning
                                    

__________________________

စာကြည့်စားပွဲမှာ စာလုပ်နေရင်းမှ ရိပေါ်တယောက် မထင်မှတ်ဘဲ ပြတင်းပေါက်ဆီ အကြည့်ရောက်သွားမိတဲ့အခါ ပုံမှန်ထက်ပိုပြီး တိုက်နေတဲ့ လေကြောင့် အပေါ်ကို ပျံလွှင့်နေသော ပြတင်းပေါက်က အဖြူရောင် လိုက်ကာစလေး

" မိုးရွာတော့မှာလား "

ရိပေါ်သည် Final Year ကျောင်းသားမို့ မိဘတွေနဲ့ မနေဘဲ တယောက်ထဲ ကွန်တိုခန်းမှာ လာနေ နေတာ ဖြစ်သည် ။

သူသည် ထိုင်နေရာမှ ထကာ လိုက်ကာစလေးကို ဆွဲချပြီး ပြတင်းပေါက်တံခါးကိုပါ တခါထဲ ပိတ်လိုက်သည် ။ တံခါးပိတ်ပြီး ဒီဘက်လှည့်လိုက်တယ် ဆိုရင်ဘဲ အခန်းအပြင်ဘက်မှာ မြင်လိုက်တဲ့ အဖြူရောင် အရိပ်လေးတခုကြောင့် သူထိုနေရာကို အမြန်သွားလိုက်ပြီး အဖြူရောင် အရိပ်လေးကို ရှာနေမိသည် ။

" မင်းဘယ်သူလဲ "

သူမြင်တဲ့သူက သူ့ကို ကျောပေးကာ ရပ်နေတဲ့ အဖြူရောင် အမျိုးသားငယ် တယောက်

" အကို ..."

ခြောက်ကပ်ကပ်ခေါ်လာတဲ့ အသံတခုကြောင့် လေထုကပင် တိုက်ခတ်မှု မရှိ ရပ်တန့်သွားသည် ။

ပြီးတော့ သူ့ဘက် တဖြည်းဖြည်း လှည့်လာတဲ့ အဖြူရောင် ကောင်လေးကြောင့် ရိပေါ် သေချာ စိုက်ကြည့်နေမိသည် ။

" အားးးးး   မင်း မင်းဘယ်သူလဲ  "

" အကို  မလန့်ပါဘဲ ကျနော်အကို့ကို
ဘာမှ မလုပ်ပါဘူး "

ထိုအဖြူရောင် ကောင်လေး သူ့ဘက် လှည့်လိုက်တယ် ဆိုရင်ဘဲ ရိပေါ် လန့်သွားကာ ထအော်မိတဲ့ အထိဘဲ ဘာလို့လဲဆို နဖူးထက်များ မျက်နှာထိ စီးကျနေတဲ့ သွေးတွေက ခုမှ ဖြစ်ထားသလို ရဲရဲ တောက်နေသည် ။

" ကို  ကို ဘာကူညီ ပေးရမလဲ အဆင်ပြေရဲ့လား   ခေါင်းမှာ သွေးတွေထွက်နေတယ် "

အကိုက သူ့ကို စိတ်ပူသလို ပြောလာတာမို့ ရှောင်ကျန့် ပြုံးမိလိုက်တယ်

" ဟင့်အင်း ကျနော် ဘာမှ မဖြစ်ပါဘူး အကို "

" ဒါမဲ့ သွေးတွေ ထွက်နေတယ်လေ ဆေးခန်းပို့ပေးရမလား "

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now