part _1

1K 33 7
                                    

ဘုတ်....
"အင့် ခဗျားလူတယောက်လုံးကိုမမြင်ဘူးလား!"

............…………………

ဒီပါ ရုံးတွင်အင်တာာဗျူးရှိရာ...ရုံးသို့စောစောထွက်လာခဲ့ခြင်းဖြစ်သည်။ရုံးနားသို့ရောက်ခါနီးမှ ထိုးရပ်သွားသော ကားကြောင့်..ဒီပါစုတ်တချက်သက်ကာ ကားပေါ်မှဆင်းလိုက်သည်။

"ကျစ်!!! ဦးမောင်တို့ကတော့ ကားကိုသေချာမစစ်ထားပြန်ဘူး'ပြန်ရောက်တော့မှအလုပ်ထုပ်ပစ်ဦးမယ်"
နောက်ကျရင်လဲမာမီကပြောဦးမယ်"

ရုံးချိန်နောက်ကျမယ်စိုးတာကြောင့် ဖုန်းကိုထုတ်ကာ မာမီဆီသို့ခေါ်လိုက်တော့သည်။

"ဟယ်လိုမာမီ....
ဒီမာကားပျက်သွားလို့ ကားတစီးလောက်လွှတ်ပေးပါဦး"

"လွှတ်ပေးလိုက်မယ်......သားလျှံ"

ဒီပါလဲကားစောင့်နေရင်း‌‌နေပူလာတာကြောင့် ရှေ့ကသစ်ပင်အရိပ်ရှိရာ‌သို့လျှောက်လာလိုက်သည်။
ဒီပါလျှောက်လာနေတုန်း သူ့အားနောက်ကဝင်တိုက်တဲ့သူကြောင့် ဒီပါလှည့်ကြည့်မိလိုက်သည်။သူကလဲဝင်တိုက်သေးတယ်သူကမတောင်းပန်တဲ့အပြင်ကိုယ့်ကိုပြန်အော်နေတဲ့  အကောင်ပေါက်ကိုဒီပါ သေချာကြည့်နေမိသည်။
  ဒီပါအရင်ဆုံးသတိထားမိတာက နှုတ်ခမ်းပေါ်ကမှဲ့လေးပင် ‌ဆေးဆိုးပန်းရိုက်အကူညီမပါပဲ ပန်းရောင်သန်းပီးဖူးကြွနေတဲ့ နှုတ်ခမ်းဖူးဖူးလေး  ရှည်လျားကော့ညွန့်နေတဲ့မျက်တောင်စိတ်စိတ်လေးတွေနဲ့လိုက်ဖက်ညီစွာရှိနေတဲ့ အညိုရောင်မျက်ဆံလေး  'မဖြူလွန်းပဲ ဝင်းဝင်းလေးဖစ်နေတဲ့အသားအရေ...
  ဒီပါလူတယောက်ကို‌ခြေစခေါင်းဆုံးကြည့်မိတာ ဒါပထမဆုံးပင် ။

  လရိပ်အိပ်ရာထနောက်ကျရာ အင်တာဗျူးနောက်ကျမည်ဆိုးတာကြောင့် ကမန်းကတန်းးနဲ့ထွက်လာခဲ့ရာ... လမ်းထိပ်ကအကွေ့မှာလူတယောက်နဲ့တိုက်မိခဲ့ပြီး...ခြေခေါက်လဲကျသွားခဲ့ရသည်...လရိပ်လဲနဂိုမဟုတ်မခံ ဟုတ်လဲမခံတဲ့စိတ်ထားလေးရှိတာကြောင့်.ထိုလူအားရန်တွေ့ပြစ်လိုက်တော့သည်...လရိပ်ဒီလောက်အော်ပြောနေတာကိုတောင်ဂရုမစိုက်ပဲ...မျက်လုံးကျွတ်ထွက်မတတ်စိုက်ကြည့်နေတဲ့သူကြောင့်...လရိပ်လဲထပ်မံကာ အော်ပြောလိုက်ရတော့သည်။

အတိတ်ရဲ့ခြေရာ(ခေတ္တရပ်နား)Where stories live. Discover now