အပိုင်း(၂၇)uni & zg

Start from the beginning
                                    

ခက် စကားသိပ်မဆက်ပဲ ဖုန်းချလိုက်သည်။
အကို့အသံက သူ့အား အင်မတန်ဆွဲဆောင်လွန်းနေသည်။ ဒီရက်ပိုင်းများအတွင်း ပိုပို၍သိသာလာသည် က စိုင်းခက် အကို့ပေါ်မှာ မြင်တဲ့အမြင်တွေ။ အကိုနဲ့ပတ်သတ်သမျှအရာအားလုံးက
စိုင်းခက်၏ တည်ငြိမ်မှုကို ပျက်ယွင်းစေသည် လေ။ အကို့ရဲ့ အဖြူရောင်ကျောပြင်ကျယ်ကပင် စိုင်းခက်၏ အပြုံးတို့ကို ဖန်ဆင်းပေးသည်။ ဒါတွေဟာ ဘာကြောင့်များပါလိမ့်။

တစ်နာရီခန့်ကြာအပြီးမှာ အကို ရောက်လာသည်။ ကမန်းကတန်း လာရလို့ထင်၍အကို့
ဆံပင်တို့က အရင်ရက်များလို ပုံကျမနေ။ ခပ်ဖွဖွာဖြစ်နေသည်။

"အင်း အကို့ ဆံပင်လေးတွေက အိနေမှာ"

ဘဲဟု မဆီမဆိုင်တွေးမိလိုက်သေးသည်။ အကိုကတော့ သူဝတ်နေကြ လက်ရှည်အဖြူကို တံတောင်ဆစ်တွင်ခေါက်ထား၍ စတိုင်ပန် အနက်နှင့်တွဲဝတ်ဆင်ထားသည်။ စိုင်းခက် အကို့ကို စက္ကန့်အတန်ကြာအောင် ငေးမောမိသည်။

" ခက် ဒါဆို ကိုယ်တို့ သွားကြစို့လေ"

"ဟုတ် အကို"

စိုင်းခက် စားပွဲပေါ်မှ ဖိုင်အချို့ကိုဆွဲယူကာ အကို့နောက်ပြေးလိုက်သည်။ ခြေတံရှည်များဖြင့် ခြေလှမ်းကျဲကျဲလျှောက်တတ်သော အကို့ နောက်ကို ခက် အမြဲမှီအောင်လိုက်ရသည်။

****🌸🌸🌸🌸******

မိနစ်၂၀ ခန့်ကြာပြီးနောက် ထိုက်၏ ခြံထဲသို့
ရောက်သည်။  ခြံထဲတယ် မြက်ရှင်းနေသူများ
ရယ် အလုပ်သမားများနေရန် ဆောက်ယာယီတဲ ဆောက်နေသောပန်းရံသမားများလဲရှိလေသည်။ စိုင်းခက်တို့လည်း ကားပေါ်ကမဆင်းသေးပဲ

" အကို ကျွန်တော်မနက်ကပို့တဲ့ file လေးကြည့်ပြီးပြီလား"

စိုင်းခက်က ဖိုင် တစ်ချို့ကိုထုတ်ရင်းပြောသည်။ထို့နောက်မှ ကားပေါ်ကဆင်းကာ ထုတ်ပြီးသားဖိုင်တို့ကို ထိုက် အား ကမ်းသည်။ ထိုက်လည်း
ဖိုင်တို့ကိုတစ်ချက်ကြည့်ပြီး

" အင်း ခက် ကိုယ် နိုးနိုးချင်းပဲ ကြည့်လိုက်တယ်
ခက်ပြောပုံအရဆို ဟိုထောင့်မှာ နဲ့ အလည်မှာက
Main buildingပေါ့"

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now