☕🌧

1.7K 178 21
                                    

AM

" အာ... ဆေးဘူးကဘယ်ရောက်နေတာလဲ ! "

ဂျောင်ဝန်း ပျောက်ဆုံးနေသော heat cycle ထိန်းချုပ်ဆေးဘူးကို အိပ်ရာဘေးဝန်းကျင်အနှံ့ နေရာစုံအောင်ရှာကြည့်နေပေမယ့်လည်း အရိပ်အယောင်တောင်မတွေ့။ မနေ့ကမနက်က သောက်ပြီးနောက်ပိုင်း ဆေးဘူးကိုဘယ်နေရာတွေ ထားလိုက်မိသလဲဆိုတာကိုလဲ စဥ်းစားမရတော့ပါ။

လက်ကနာရီကို ငုံ့ကြည့်လိုက်တော့ သူသာဆေးဘူးကို ဆက်ရှာနေရလျှင် မြေအောက်ရထားစီးမည့်ချိန်နောက်ကျတော့မည်ဖြစ်၏။ ဂျောင်ဝန်း ဖြစ်ချင်ရာဖြစ် ဆေးဘူးကိုရှာဖို့ကို လက်လျှော့လိုက်ပြီး အလုပ်ကိုအချိန်မှီရောက်အောင်သွားရန်သာဆုံးဖြတ်လိုက်သည်။ အလကားနေ Dominant Alpha ဆိုပြီး ထောင်လွှားနေသည့် အဖွဲ့မှူးထံတွင် သူအပွားမခံချင်ပါ။

ဂျောင်ဝန်းသည် အသက် 23 နှစ်အရွယ်ရှိ အရွယ်ရောက်ပြီးသား Omega တစ်ဦးဖြစ်ပြီး ယခုထိ မိတ်ဖက်မရှိသေးပေ။

မိတ်ဖက်မရှိသေး ဆိုသည်ထက် ရှိဖို့အစီအစဥ်မရှိတာက ပိုမှန်မည်။ Omega တစ်ယောက်ဖြစ်နေသည့် ဘဝတွင် Alpha များကို အသားလွတ်မုန်းတီးနေမိခြင်းက သူ့ကိုအဖော်မဲ့စေ၏။ ဂျောင်ဝန်းကတော့ အဲ့ဒီအကြောင်း ခေါင်းထဲပင်သိပ်မထည့်ဖြစ်။

မွေးကတည်းက ထိန်းချုပ်ခံရတာ မကြိုက်တဲ့ ဗီဇနဲ့မွေးလာခဲ့တာမို့ မိဘတွေအတွက် ဂျောင်ဝန်းက ခေါင်းကြောမာတဲ့သားလေးဖြစ်ခဲ့သည်။ ထိုကနေတစ်ဆင့် အသက်ဆယ်နှစ်အရွယ် genderခွဲပြီးသည့်နောက်တွင်မူ ခေါင်းကြောမာသော Omega လေးဖြစ်လာခဲ့၏။

လွှမ်းမိုးခံရတာမျိုးကို မုန်းပါသည်ဆိုမှ ဖြစ်တည်မှုတစ်ခုလုံးက ထို Alpha တစ်ရပ်လုံးထံတွင် အလိုလိုဖိနှိပ်ခံနေရခြင်းကို ဂျောင်ဝန်းမကြိုက်။ အများစုကတော့ Alpha တွေဟာ Omega တွေအတွက် အားကိုးရာ လုံခြုံရာဖြစ်တည်မှုလို့ သတ်မှတ်ထားကြပေမယ့် ဂျောင်ဝန်းအတွက်တော့ ဖိနှိပ်မှုသက်သက်သာမြင်သည်။

ထို့ကြောင့်လည်း ဤအသက် ဤအရွယ်ထိ Alpha ဆိုလျှင် ဝေးဝေးရှောင်၍ အလုပ်ကိစ္စသဘောအရသာ ပတ်သတ်ပြီး personal အရဆိုလျှင် အနားပင်အကပ်မခံခဲ့။ hormones ကိစ္စနှင့် ပတ်သတ်လျှင်လည်း တစ်လျှောက်လုံး heat cycle ထိန်းချုပ်ဆေးများကိုသာ သောက်လာခဲ့ပြီး ဘယ် Alpha နှင့်မှ Sexual ပိုင်းအရ ပတ်သတ်စရာမလိုအောင် နေခဲ့၏။

Accidentally Marked ( Jaywon )Where stories live. Discover now