အခန်း ၁၆၃ - အပိုင်း ၃၃ - ဂင်မ်ဒို့ဂျာရဲ့အချစ်ဇာတ်လမ်း (၂)

Start from the beginning
                                    

"အာ, ခဏလေး ငါသိတဲ့ဇာတ်လမ်းတစ်ခုနဲ့တူနေသလားလို့...”

" ဝတ္ထုအစမှာ တခုခုများပြောပြထားမလားမသိဘူး”

"ကံကြမ္မာ... အဲ့ဒါက အနာဂတ်မြင်ကွင်းနဲ့ ဆင်လား?"

"ဆင်တော့ဆင်ပေမယ့် မတူဘူး။"

တကယ်တမ်းက အတော်လေးကိုကွဲပြားတယ်။

‘ကံကြမ္မာ’ဖတ်တယ်ဆိုတာ‘အနာဂတ်ဖြစ်လာမဲ့အရာ’တွေကိုဖတ်တာလောက် မရိုးရှင်းဘူး။အဲ့တာအပြင် ပိုပြီးလည်းခက်တယ်။

“အကယ်၍အနာဂတ်မြင်ကွင်းဆိုတာ ဟောကိန်းထုတ်လို့ရတဲ့အနာဂတ်ပုံရိပ်ဆိုရင် ကံကြမ္မာဆိုတာက အဲ့ဟောကိန်းထုတ်ထားတဲ့အနာဂတ်ကို မဖြစ်ဖြစ်အောင်အတင်းတွန်းအားပေးတဲ့ စွမ်းအား”

ဟန်ဆူယုန်းနားလည်ရဲ့လားဆိုတာ မသိသည့်အတွက် အသေးစိတ်ထပ်ရှင်းပြ၏။

"ဥပမာပြောရမယ်ဆိုရင်၊ ငါကလီဗာပေါ်ကို ၅စက္ကန့်လောက် နင်းထားတယ်ဆိုပါစို့၊ ပြီးတော့ငါ အနာဂတ်အမြင်ကိုသုံးပြီးကြည့်လိုက်တဲ့အချိန်မှာ၊ ငါကကားမောင်းမနေဘူးလား?"

"...အင်း, ထင်တာပဲ"

"ဒါပေမဲ့လည်း၊ တကယ်လို့ငါသာအနာဂတ်ကကိစ္စတွေသိနေရင်၊ငါလီဗာကိုနင်းချင်မှနင်းတော့မှာပေါ့”

"ဖြစ်နိုင်တယ်။"

"ကံကြမ္မာကကျတော့ မတူဘူး။တကယ်လို့သာ တစ်ယောက်ယောက်က "ဂင်မ်ဒို့ဂျာက လီဗာပေါ်ကို ၅စက္ကန့်နင်းမယ်" လို့ဖတ်လိုက်မယ်ဆိုရင်၊ အဲ့ကံကြမ္မာကို ပြန်ဖယ်ရင်ဖယ် အဲ့လိုမှမဟုတ်လို့ လက်တွေ့မလုပ်မချင်း အဲ့ကံကြမ္မာကဖြစ်ကိုဖြစ်ရတော့မယ်။ ဒီထက်ပိုရှင်းအောင်ပြောရမယ်ဆို...”

"နင်က လီဗာကိုမဖြစ်မနေနင်းရမှာပေါ့။"

သူကခေါင်းငြိမ့်လိုက်တော့ ဟန်ဆူယုန်းက ထူးဆန်းနေသည့်ပုံစံဖြင့် စကားပြောလိုက်သည်။

 "ဒါနဲ့၊ အဲ့ဒါက မထူးဆန်းနေဘူးလား?"

"ဘာကလဲ?"

"အဲ့ဒါကဖြစ်နိုင်ခြေနဲ့မှ မကိုက်တာ။ နင်ပြောပုံအရဆိုရင် 'ကံကြမ္မာ'ဆိုတာက ဇာတ်ကွက်ထဲ ကြားဖြတ်ဝင်လာတဲ့ တွန်းအားမျိုးဆိုပေမဲ့ ဘယ်သူကများအဲ့လိုတွန်းအားပေးနိုင်မှာလဲ?”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now