(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး

Start from the beginning
                                    

"ဟဟဟ...! ဒုတပ်မှူးဆု ပြောတာအမှန်ပဲ၊ မိန်းမလှလေးတစ်ယောက် ဒီလမ်းကနေ တကယ် ဖြတ်လာတယ်၊ သတ်ကြစမ်း" ဒုတပ်မှူးဆု ​မှာထားတာက၊ အလှဆုံး မိန်းကလေးကို သတ်ရမယ်၊ အဲ့မိန်းကလေးက ယောက်ျားလေးလို ဝတ်စားထားမှာပဲတဲ့။

ပိုင်ရှန်းရှို့ ဆွံ့အသွားရပြီ။ 'အဲ့ဒီမိန်းမက ဉာဏ်ပြေးသားပဲ၊ ဒါပေမဲ့ ငါ့ဘက်က အင်အားပိုကြီးတာမို့ ငါ လွတ်သွားနိုင်တယ်ဆိုတာ သူ ထည့်မတွက်ဘူးထင်တယ်' ပိုင်ရှန်းရှို့ဘက်မှာ ပါလာတဲ့ လူအများစုက သိုင်းလောကသားတွေ။ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်က စစ်မြေပြင်မှာ ကြီးပြင်းလာတယ်ဆိုတဲ့ ရန်သူ ရဲမက်တွေကို အသာလေး အနိုင်ယူနိုင်တယ်။ သတ်ပြီ ဖြတ်ပြီဟေ့ဆိုတာနဲ့ ရန်သူတွေ တစ်ဖက်သတ် ချေမှုန်းခံလိုက်ရတယ်။ ယွီခွမ်းဆို ဝင်တောင် မချဘူး။ ပိုင်ရှန်းရှို့ ဘေးမှာဘဲ ထိုင်ရင်း သူမကို ကာကွယ်ပေးရုံ လုပ်တာ။

ရန်သူတွေအကုန်လုံးကို အနိုင်ယူဖို့ အချိန်တောင် သိပ်မကြာသွားဘူး။ 'ဘယ်လောက် ဉာဏ်ပြေးပြီး ရှေ့ကျော်ရွှေ့နိုင်တဲ့ အကွက်ဖြစ်ဖြစ်၊ အစီအစဉ်ဖြစ်ဖြစ် အကောင်ထည်ဖော်တဲ့သူက တော်နေဦးမှ အောင်မြင်နိုင်တာပဲ' တိုက်ပွဲပြီးလို့ ဖုန်ထနေတာတွေ ငြိမ်သွားတဲ့အချိန်မှာတော့ ရန်သူတွေဘက်က သေရင် သေ၊ မသေရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြတယ်။ ၆ ယောက်ကို သူမတို့အဖွဲ့ ဖမ်းလာပြီး လုံဟန့်ရဲ့ စခန်းထိ ခေါ်သွားလိုက်ကြတယ်။

လုံဟန့် ပိုင်ရှန်းရှို့ကို တွေ့​တော့ သူ့အကြည့်ထဲမှာ လွမ်းဆွတ်တာတွေ တသတာတွေရှိမနေဘူး။ လောလောဆယ်မှာ သူတို့က အလုပ်လုပ်ဖို့ ရောက်နေတာ။ ချစ်ရည်ပလူးဖို့မှ မဟုတ်ဘဲ။ သူ ဒီလို အကန့်ခွဲထားနိုင်တာ တွေ့ရတော့ ပိုင်ရှန်းရှို့ ကျေနပ်သွားမိတယ်။ ဒါဆို သူမတို့နှစ်ယောက်က ပုံမှန် လင်မယားတွေလို မောင်တစ်ထမ်း မယ်တစ်ရွက် ဖြစ်သွားပြီဆိုတဲ့ သဘောလား။ အရင်ကဆို လုံဟန့်က သူမရဲ့ ကာမပိုင် လင်၊ သခင်၊ သူမရဲ့ အရာရာပဲ။ လုံဟန့်က သူမကို လေးစားပေးတယ်ဆိုပေမဲ့ အလုပ်နဲ့ ပတ်သက်ပြီး သူမကို ဘာမှ မပြောပြခဲ့ဘူး။ ဒါပေမဲ့ ဒါက အခုတော့ ပြောင်းလဲသွားပြီ။ လုံဟန့် သူမအပေါ်လဲ ပိုပြီး ယုံကြည်လာတယ်။ သူမ ရောက်တာနဲ့ သူ ချက်ချင်း အရင်မေးလိုက်တယ်။ "ဒဏ်ရာရသွားသေးလား" လို့။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now