အစောကို​ပြောပြနေတဲ့
ပင်တိုင့်မျက်နှာထက်က ပီတိပြုံးလေးတွေကိုလည်း အစောမြင်တွေ့နေရ၏။ပင်တိုင်တင်မဟုတ် အစောလည်းဤသို့ကြားရတာပီတိဖြစ်ရပါသည်။

ဒေါင်......ဒေါင်.....

ရုတ်တရက်မြည်လာတဲ့သံချောင်းခေါက်သံကြောင့် အစောနဲ့ပင်တိုင်တို့ပြောလက်စစကားပင်ပြတ်သွား၏။

စကားပြောနေခဲ့တော့လည်း အချိန်ကကုန်လို့ကုန်မှန်းပင်မသိသာ။သံချောင်းတောင်ခေါက်နေပြီမို့ ရထားဆိုက်ကပ်ဖို့အချိန်တောင်သိပ်မလိုတော့ပေ။ရထားရောက်ဖို့အချိန်နီးပြီမို့ အစောနဲ့ပင်တိုင်တို့လည်း ရထားဝင်လာမည့်လမ်းဘက်ကိုသာကြည့်နေတော့သည်။

အဝေးမှအရှိန်ရှိန်ပြင်းပြင်းနဲ့ခုတ်မောင်းဝင်လာတဲ့ရထားက ဘူတာရုံနားရောက်ခါနီးတွင်တဖြည်းဖြည်းအရှိန်ကျသွားလေသည်။ဖြည်းညင်းစွာဘဲဘူတာရုံသို့ရောက်လာသည့်အချိန် အစောနဲ့ပင်တိုင်တို့လည်း လင်းခေးတို့ရှိမည့်အတွဲကိုသာရှာနေရ၏။

"အစော ကိုကျော့မြိုင်တို့ဒီမှာအစောရဲ့...."

ရထားအတွဲတစ်တွဲမှ ကိုကျော့မြိုင်လက်ရမ်းဝှေ့ပြပြီး အော်ခေါ်လိုက်မှ အစောတို့လည်းကိုကျော့မြိုင်ကိုမြင်သည်။ကိုကျော့မြိုင်တို့ရှိရာရထားတွဲဆီသို့ အစောနဲ့ပင်တိုင်တို့ပစ္စည်းတွေကူယူရန်လာ​တော့ ရထားပေါ်ကအရင်ဆင်းတဲ့ကိုကျော့မြိုင်ကို လင်းခေးအပေါ်ကသာပစ္စည်းတွေချပေးနေသည်။အစောတို့တောင်ဝင်ပြီးမကူလိုက်ရ ကိုကျော့မြိုင်နဲ့လင်းခေးတို့ဘဲပစ္စည်းတွေအကုန်ချလိုက်ကြ၏။

ပစ္စည်းတွေချပြီးလို့ လင်းခေးရထားပေါ်ကဆင်းလာမှ ပင်တိုင်လည်းလင်းခေးအနားသို့လာရပ်၏။

"အဆင်ပြေခဲ့လားကိုကို"

"​ပြေပါတယ်ပင်တိုင်ရဲ့ အကိုတစ်ယောက်လုံးပါတာ မပြေစရာအကြောင်းမရှိပါဘူး"

လင်းခေးတောင်မဖြေလိုက်ရ ကိုကျော့မြိုင်ဘဲဝင်ဖြေသွားလေသည်။ပင်တိုင်စိတ်ကျေနပ်စေရန် ထပ်ပေါင်းပြီးလင်းခေးပါ ကိုကျော့မြိုင်စကားကိုထောက်ခံသည့်သဖွယ် ခေါင်းငြိမ့်ပြလိုက်၏။

တပင်တိုင်Where stories live. Discover now