ဖေးကျောက်ကျိုး ၏ အမူအရာက တည်ငြိမ်လာပေ့မယ်  ရုတ်တရက် ဒေါသတကြီး ပြုံးနေသည်ကို မြင်လိုက်ရသောအခါတွင် ပင်လယ်ပြာ မျက်လုံးများက ဝမ်းနည်းမှု အပြည့်နှင့်..

“ဖေးကော နားလည်ရဲ့လား.. ကျွန်တော် ရက်စက်ချင်တာ မဟုတ်ပါဘူး.. အဲ့လိုမွေးဖွားလာပြီးမှ တစ်ယောက်တည်း ရှင်သန်ပြီး အပြစ်ရှိသလို ခံစားနေရရင် သူကမွေးလားရတာကို ပျော်နေမှာမဟုတ်ဘူးလေ.."

ဖေးကျောက်ကျိုး က စိတ်ဆိုးနေပေမယ့် ဆရာဝန်ကလည်း အန္တရာယ်ရှိမယ်လို့ ပြောထားတော့ ဘာမှပြန်မပြောနိုင်ခဲ့ဘူး..ဒါပေ့မယ့် စစ်ဟွိုင်ရှီး အား ..

"ဒါက အန္တရာယ် မရှိတာလည်း ဖြစ်နိုင်တာပဲလေ.."

"ဖြစ်နိုင်တယ် ဟုတ်လား.. ဒီလိုဖြစ်နိုင်ချေရှိတယ်ဆိုတာနဲ့ ဒီကလေးကို ဘယ်လောက်ပဲ လိုချင်နေပါစေ..အိမ်ထောင်ဖက်ရဲ့ အသက်ကို ဘယ်တော့မှ အန္တရာယ်ရှိအောင် ခွင့်မပြုနိုင်ဘူး.."

  "ဒါပေမယ့် ဒါက ဘဝတစ်ခုပဲလေ..အသက်ရှိနေတဲ့အရာလေ.."

စစ်ဟွိုင်ရှီးရဲ့ မျက်လုံးတွေက အေးစက်တဲ့အရိပ်အယောင်တွေနဲ့ ပြည့်နှက်သွားပြီး...

"မမွေးသေးတဲ့ ကလေးက စစ်မှန်တဲ့သဘောအရ အသက် မဟုတ်သေးဘူးလေ..."

ဖေးကျောက်ကျိုး သည် သူ့ရှေ့တွင် မသိကျွမ်းခဲ့တဲ့လူတစ်ယောက်လို ဖြစ်နေတဲ့.. စစ်ဟွိုင်ရှီးကို ကြည့်ကာ သူ့နှလုံးသား အေးခဲသွားသည်။

စစ်ဟွိုင်ရှီးရဲ့ ခေါင်းမာသော အတွေးများကို သူ မပြောင်းလဲနိုင်ခဲ့ပေ။ အကယ်၍ ဒီကိုယ်ဝန်ရှိနေခြင်းက သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာမယ်ဆိုတာ သူသိသွားပါက ဒီကလေးအား စွန့်လွှတ်ဖို့ သေချာပေါက် ရက်စက်စွာ သွေးဆောင်မည်ဖြစ်သည်။

ဒါက ဘယ်လိုဖြစ်ရတာလဲ။

ဖေးကျောက်ကျိုး ၏ မျက်လုံးများက တင်းမာလာသည်။ သူကိုကိုယ်ဝန်ရှိနေကြောင်း ပြောပြတာထက် မပြောတာက ပိုကောင်းပါတယ်လေ..

ဒါပေမယ့် ဆရာဝန်က စစ်ဟွိုင်ရှီး ကို နောက်တစ်ကြိမ် ချဉ်းကပ်ခိုင်းနေတယ်။ သူ၏ Pheromoneတစ်ခုတည်းနဲ့ သန္ဓေသားကြီးထွားမှုအတွက် မလုံလောက်ဘဲ သန္ဓေသားရဲ့ဖခင်ဖြစ်သော စစ်ဟွိုင်ရှီးက ဒါကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now