ကုယွမ်းထင် ဖုန်းကိုကိုင်ထားရင်း စောင့်နေလိုက်သည်။

 စူးယိရန်ဘက်က ပြန်စာ ပို့မလာခဲ့ချေ။

ခုထိ မနိုးသေးတာများလား။

ကုယွမ်းထင် chat box ရှိ plus signလေးကိုနှိပ်ကာ video callကိုနှိပ်လိုက်သည်။ voice call လား video call လားဟူသော option နှစ်ခုပေါ်လာသည်။ 

သူထပ်မံတွေဝေနေမိပြန်သည်။

အဆုံးမှာတော့ သူဟာ လက်မကိုရွှေ့လိုက်ကာ conversation နေရာဆီသာပြန်သွားလိုက်လေသည်။

 ကုယွမ်းထင်ထိုင်စောင့်နေခဲ့သည်မှာ မနက်လေးနာရီထိုးခဲ့ချေလေပြီ။ ခုလောက်ဆိုလျှင်ဖြင့် ပြည်တွင်း၌ နံနက် ဆယ်နာရီ ရှိလောက်ပြီဖြစ်သည်။

စူးယိရန်ကတော့ ခုထိ စာမပြန်သေး။

ကုယွမ်းထင်ကတော့ လက်ထဲမှာဖုန်းကိုကိုင်ကာ ဗလာဟင်းလင်းသောစိတ်ဖြင့် စောင့်ဆိုင်းနေလျက်သာ။
     
********

 ရှောင်ကျူးသည် သူအမှားတစ်ခုခုလုပ်မိထားသလို ခံစားနေရသည်။

ဥက္ကဋ္ဌကုဟာ Dနိုင်ငံသို့ အလုပ်ကိစ္စဖြင့်ခရီးထွက်သည့်အခါ အထူးလက်ထောက်တစ်ယောက်အနေဖြင့် သူဟာ ဥက္ကဋ္ဌကုနှင့်အတူလိုက်ပါရမည်ပင်ဖြစ်၏။ထိုနေရာမှာ သုံးလလောက်နေရမည်ဖြစ်တာကြောင့် အိမ်၌စီစဥ်စရာရှိတာလေး စီစဥ်နေရတာကြောင့်သာ သူဟာ ဥက္ကဋ္ဌကုထက် တစ်ရက်လောက်နောက်ကျပြီးမှ ရောက်လာခဲ့၏။

သည်နေ့ သူ D နိုင်ငံကိုရောက်၍ လေယာဥ်ပေါ်က ဆင်းပြီးသည်နှင့် ဘော့စ်ဆီမှာ မျက်နှာသာရချင်တာကြောင့် ဟိုတယ်ရောက်ရောက်ချင်း ဝိုင်ဖိုင်ချိတ်၍ ဝီချတ်ကနေ သူရောက်ပြီဆိုသည့်အကြောင်းနှင့် ဥက္ကဋ္ဌကုလိုချင်သောစာရွက်စာတမ်းတွေကို ပို့ပေးလိုက်သည်။မိမိဟာ အလုပ်ကို ခေါင်းထဲထည့်၍ အချိန်တိုင်းအာရုံစိုက်ထားကြောင်း ပြသလိုခြင်းပင်။

စာပို့ပြီးခါမှ ခုချိန်ဟာ တရုတ်ကလို မနက်ခုနှစ်နာရီမဟုတ်ဘဲ ညသန်းခေါင်တစ်နာရီလောက်ပင်ရှိသေးတာကို သတိထားမိသွားတော့သည်။ကြည့်ရတာ သူတော့ ဘော့စ်ဖြစ်သူ၏ ညရေးညတာအနားယူမှုကို နှောင့်ယှက်မိသလို ဖြစ်သွားလောက်ချေပြီ။
     
ရှောင်ကျူး ထိုအကြောင်းကို စိုးရိမ်တကြီးဖြင့်စဥ်းစားကြည့်ပြီးမှ ဘာမှမဖြစ်လောက်ပါဘူးဟု တွေးလိုက်သည်။ ဥက္ကဋ္ဌကုဟာ ခုချိန်အိပ်နေလောက်ပြီမို့ ဘာဝီချတ်နိုတီသံမှ ကြားလောက်မည်မဟုတ်ချေ။ သို့ဆိုလျှင် သူလည်း ဘာအနှောင့်အယှက်မှ ပေးမိသလိုဖြစ်တော့မည်မဟုတ်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now